at .com  at .com

Sunday, April 13, 2014

ဝတ်နခွန်အင် နှစ်သစ်သင်္ကြန်အလှူပွဲ

ထိုင်းနိုင်ငံမှာရောက်ရှိနေကြတဲ့ ကရင်တိုင်းရင်းသားများနှင့်အခြားတိုင်းရင်းသားများစုပေါင်းပြီး (၁၃-၄-၂၀၁၄) တနင်္ဂနွေနေ့တွင်
ထိုင်းနိုင်ငံ၊ နွန်ထဘူရီ၊ ၀တ်နခွန်အင်ကျောင်းမှာ နှစ်သစ်ကိုကြိုဆိုသောအားဖြင့် အတာသင်္ကြန်အလှူပွဲကို စီရင်ကျင်းပခဲ့ပါသည်။
အစီအစဉ်အားဖြင့် သံဃာတော်များအားနေ့ဆွမ်းဆက်ကပ်ကြပြီး နေ့လည်ပိုင်းမှာတရားတော်နာ၊ ရေစက်သွန်းချအမျှပေးဝေ
ကြပါသည်။ ထိုနောက် နှစ်သစ်မင်္ဂလာအတွက် ဘုရားဂုဏ်ကိုအာရုံပြုကာ ဘုရားရုပ်ပွားတော်ကိုရေသပ္ပါယ်ခြင်း၊ သံဃာတော်
များ၏လက်တော်ကို ရေဆေးခြင်းဖြင့် ကုသိုလ်ကောင်းမှုပြုလုပ်ခဲ့ကြပါသည်။
ထိုအလှူတွင် သင်္ကြန်ထမင်းစသောအစားအစာဖြင့် ရောက်လာသောဧည့်ပရိတ်သတ်တို့အား ဧည့်ခံကြပါသည်။

အလှူပွဲဓာတ်ပုံမှတ်တမ်းများ




Friday, April 11, 2014

ခွယ်ကဘောင်ပညာဥယျာဉ်ကျောင်း ရေစင်အလှူရှင်

ကရင်ပြည်နယ်၊ ဘားအံမြို့၊ ခွယ်ကဘောင်ပညာဥယျာဉ်ကျောင်းအတွင်း တည်ဆောက်လျှက်ရှိသော ရေစင်ကို အမေရိကန်
ရောက်စောနိုင်ဝင်း(ခ)ကျဝ်ဖါန်ဃှီ့က မိဘနှစ်ပါးကိုရည်စူးပြီးလှူဒါန်းခြင်းဖြစ်ပါသည်။ ၎င်းရေစင်ကို ခန့်မှန်းခြေ (၃၀) သိန်း
ကုန်ကျမည်ဖြစ်ပါသည်။ စောနိုင်ဝင်း(ခ)ကျဝ်ဖါန်ဃှီ့သည် အမေရိကန်နိုင်ငံ၊ အိုင်အိုဝါပြည်နယ်၊ မာဆယ်ထောင်မြို့တွင်နေ
ထိုင်ပြီး သူ့ရဲ့လုပ်အားနဲ့ ခွယ်ကဘောင်ပညာဥယျာဉ်အတွက် လှူဒါန်းထောက်ပံ့ခဲ့သည်မှာ အ၀ီစီတွင်း၊ ရေစင်အပါအ၀င်
သိန်းပေါင်း ခြောက်ဆယ်ရှိသွားပြီးဖြစ်သည်။

ဒါကြောင့် စောနိုင်ဝင်း(ခ)ကျဝ်ဖါန်ဃှီ့တစ်ယောက် လိုအင်ဆန္ဒမှန်သမျှပြည့်ဝနိုင်ပါစေလို့ ဇွဲကပင်ပညာဒါနအသင်းမှ ဆုမွန်
ကောင်းတောင်းလိုက်ပါသည်။



ဒုတိယကြိမ် နွေရာသီအင်္ဂလိပ်စာသင်တန်း {Summer Englsih Course}

ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင်ကုန်း၊ ခွယ်ကဘောင်ပညာဥယျာဉ်ကျောင်းတွင် နှစ်စဉ်ဖွင့်လှစ်နေကြဖြစ်သော နွေရာသီ
အင်္ဂလိပ်စာသင်တန်းကို (၃၀-၃-၂၀၁၄) တနင်္ဂနွေနေ့မှာစတင်ဖွင့်လှစ်ခဲ့ပါသည်။ ၎င်းအင်္ဂလိပ်စာသင်တန်းကို ဧပြီး၊ မေလ
နှစ်လတိုင်တိုင်ဖွင့်လှစ်မည်ဖြစ်ပါသည်။ ကျောင်းသူ၊ ကျောင်းသားဦးရေ သုံးဆယ်ငါးယောက်ဖြင့် တက်ရောက်သင်ယူခဲ့ပါ
သည်။

သင်တန်းသူ၊ သင်တန်းသားများ

(18)ကြိမ်မြောက် ဇွဲကပင်ပညာဒါနအသင်း ကြိုတင်ညှိနှိုင်းအစည်းအဝေး

(18)ကြိမ်မြောက် ဇွဲကပင်ပညာဒါနအသင်းအစည်းအဝေးကို (၁၉-၁-၂၀၁၄) တနင်္ဂနွေနေ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်၊
နွန်ထဘူရီ၊ ၀တ်နခေါင်အင်ကျောင်းတွင် ကျင်းပမည်ဖြစ်ပါသည်။ ၎င်းအစည်းအဝေးဖြစ်မြောက်ရေးအတွက် ကြို
တင်ညှိနှိုင်းအစည်းအဝေးကို (၅-၁-၂၀၁၄) တနင်္ဂနွေနေ့တွင် ပြုလုပ်ခဲ့ပြီး ကျွေးမွေးဧည့်ခံရေးအတွက် တာဝန်ယူ
မည့်အလှူရှင်များကို စာရင်းပေးမှတ်သားခဲ့ကြပါသည်။

ကြိုတင်ညှိနှိုင်းအစည်းအဝေးတွင် သွားရေးလာရေးခက်ခဲမှုကြောင့် အရေးကြီးတဲ့ပုဂ္ဂိုလ်များသာလာရောက်ကြ
ပါသည်။ (၁၉-၁-၂၀၁၄) တနင်္ဂနွေနေ့ ကျင်းပမည့်အစေည်းအဝေးကို အနီးအဝေးအလှူရှင်များအားလုံးလာ
ရောက်အတူတရားနာ၊ ရေစက်ချကြွရောက်နိုင်ရန် လေးစားစွာဖိတ်ကြားအပ်ပါသည်။

ဇွဲကပင်ပညာဒါနအသင်း

၂၇၅၃-ခုနှစ် ပြာသိုလ္ဆန်း (၁)ရက်နေ့ ကျင်းပခဲ့သောကရင်နှစ်သစ်ကူးဓာတ်ပုံများ

၂၇၅၃-ခုနှစ် ပြာသိုလ္ဆန်း (၁)ရက်နေ့ ကျင်းပခဲ့သောကရင်နှစ်သစ်ကူးပုံများကို တင်ပြလိုက်တယ်။ သတင်းတေကတော့
ဆိုက်တော်တော်များတင်ထားပြီးသားဆိုတော့ မတင်တော့ဘူးဗျာ။

ရွှေကုက္ကိုလ်မြိုင်မှ ကျင်းပခဲ့သောကရင်နှစ်သစ်ကူးပုံရိပ်များ (ဓာတ်ပုံ = မန်းမျိုးမြင့်)


မောင်တို့ မယ်တို့အတွက် "ဆုံးမစကား"

အဖိုးတန်တဲ့ လူတိုင်းသိသင့်သိထိုက်တဲ့ "အဆုံးအမ သြ၀ါဒ" တစ်ပုဒ်ကိုတင်ပေးလိုက်မယ်။ ဖတ်ပြီးတကယ်
လိုက်နာမယ်ဆိုလျှင် လူ့ဘောင်လူ့လောကအတွက် အရမ်းအကျိုးများပါလိမ့်မည်။


အချိန်ကိုလေးစား
အများနဲ့တည့်အောင်ပေါင်း
မကောင်းတာမလုပ်နဲ့
အကောင်းကို ခေါင်ကချုပ်
အလုပ်မှန်သမျှ လေးစား
အနေအထိုင်သိမ်မွေ့
ဓလေ့စရိုက်ဖြူစင်
ဉာဏ်အမျှော်အမြင်ကြီးမား
ဘုရားဆို အဓိက
တရားဆို အမိအရ
စကားချို အတိအကျ
သတိ ၀ီရိယ အဖေါ်လုပ်
အပျော်အရှုပ်ကင်းရှင်း
အတင်းအဖျင်းရှောင်ခွါ
မလိုတမာ မကပ်ငြိနဲ့
မြတ်က၀ိ ပီပြင်စေ
အတတ် အသိ တီထွင်လေ
ပြည်ခွင်နေလူအများနဲ့ ၊ မြတ်ဘုရားသာသနာ ၊ စုံနှစ်ဖြာတိုးတက်အောင်
အဖိုးအနက်၊ တန်ခိုးထက်ပြီး အကျိုးဆက်ကြပေတော့ "မောင်တို့ မယ်တို့" ။

ဆရာတော်များဆုံးမသြ၀ါဒ

ကရင်အမျိုးသားနှစ်သစ်ကူးနေ့  သိကောင်းစရာ (ကရင်နှစ်သစ်ကူးနေ့ကို ကြိုဆိုခြင်း)

26.11.2009
sawgonlin


လူမျိုးအသီးသီးတို့ သည် မိမိတို့ ၏ပတ်ဝန်းကျင် သဘာဝ၊ တောတောင်၊ ရေမြေ၊ ရာသီဥတု၊ သစ်ပင်ပန်းမန်၊နေ၊ လ၊ နက္ခတို့ ကို လေ့လာမှတ်သား၍၊ အချိန်ကာလ အပိုင်အးခြားတို့  ခွဲခြားသိမြင်ကြသည်။
ကရင်လူမျိုးတို့ သည် ရှေးပဝေသဏီကစ၍ အချိန်အကန့် အသတ်ကို ကြည့်ပြီး၊ တစ်ရက်၊ တစ်လ၊ တစ်နှစ် ဟု သတ်မှတ်ကာ အမည်နာမပေးကြပါသည်။ မိမိတို့ ၏ ပထမလကို စကောကရင်ဘာသာဖြင့် “သလေ” ပိုးကရင်ဘာသာဖြင့် “ထိုက်ခေါက်ဖိုး”ဟု ခေါ်ကြပါသည်။
ထိုသို့  တစ်နှစ်ဆန်းလျှင် မိမိတို့  ဓလေ့ထုံးစံအရ၊ ပျော်ပွဲရွှင်ပွဲများ ကျင်းပခြင်း၊ ယစ်နတ်ပူဇော်ခြင်း၊ လူကြီးသူမများအား ကန်တော့ခြင်းများကို ပြုလုပ်ကြပါသည်။
-“နှစ်သစ်ကူးနေ့ ရောက်လာပြီ
-ရေချိုးခေါင်းလျှော် စိတ်သန့် စင်
- လူကြီးသူမ ကန်တော့ကြ
-ဆုံးမ ပဲ့ပြင်နာခံမှတ်”။
ကရင်အမျိုးသားများသည် “သလေ”လ ၊ (ထိုက်ခေါက်ဖိုး)ကို ပထမလအဖြစ် သတ်မှတ်၍ လဆန်းတစ်ရက်နေ့ ကို နှစ်သစ်ကူးနေ့ အဖြစ် သတ်မှတ်ခဲ့ပါသည်။ “သလေ”လ ၊ (ထိုက်ခေါက်ဖိုး)လသည် မြန်မာအားဖြင့် “ပြာသိုလ”ဖြစ်၍ ပြာသိုလဆန်းတစ်ရက်နေ့ သည် “ကရင်နှစ်သစ်ကူးနေ့ ဖြစ်ပါသည်။
သို့ သော်လည်း ရှေးအခါက ဤနေ့ ဤရက်ကို ကရင်နှစ်သစ်ကူးနေ့ အဖြစ် မြေပြန့် ဒေသကရင်အချို့ နှင့် တောင်ပေါ်ကရင်အချို့ တို့ သည် နှစ်ပေါင်းများစွာကတည်းက ကျင်းပခဲ့ကြပါသည်။


သို့ ရာတွင် ကရင်ခရစ်ယာန်ဘာသာဝင်များသည် အပြည်ပြည်ဆိုင်ရာနှစ်သစ်ကူးနေ့ ဖြစ်သော ဇန်န၀ါရီလ တစ်ရက်နေ့ ကို ကျင်းပသည့်နည်းတူ၊ ကရင်ဗုဒ္ဓဘာသာဝင်များသည်လည်း တန်ခူးလ (သင်္ကြန်)အပြီး နှစ်ဆန်းတစ်ရက်နေ့ ကို ကျင်းပကြပါသည်။
ထို့ အပြင် ကရင်လူမျိုး ဖိုးပိုက်ဆံဘာသာဝင်များသည် တပို့ တွဲလဆန်း (၄)ရက် နေ့ ကို၎င်း၊ ရသေ့ဘာသာဝင် ကရင်များကလည်း တပေါင်းလပြည့်ကျော်(၁)ရက်နေ့ ကို၎င်း အသီးသီး ကရင်နှစ်သစ်ကူးနေ့ ကို တကွဲတပြားဆီ ကျင်းပခဲ့ကြပါသည်။
ထိုသို့  နှစ်သစ်ကူးနေ့ ကို အကွဲကွဲအပြားပြား ကျင်းပကြသောကြောင့် စိတ်ဝမ်းကွဲမှုများလည်း ရှိနေကြပါသည်။ ကရင်အမျိုးသားခေါင်းဆောင်ကြီးများဖြစ်ကြသော ဒေါက်တာ တီသံပြာ၊ ဦးလူနီ၊ ဒေါက်တာမြတ်စံ၊ ဦးစံလုံးနှင့် အခြားသော ကရင်အမျိုးသားခေါင်းဆောင်ကြီးများ ပါဝင်သော “ဒေါကလူ”ခေါ် ကရင်အမျိုးသားအသင်းကြီး၊ Karen National Association (KNA)၊ အသင်းကြီးကို (၁၈၈၁) ခုနှစ်တွင် တည်ထောင်ခဲ့သည်။ ၎င်းအချိန်က မြန်မာနိုင်ငံတွင် မည်သည့်နိုင်ငံရေးအဖွဲ့ အစည်းမှ မရှိသေးပေ။
ထိုအသင်းကြီးက “ကရင်နှစ်သစ်ကူးနေ့ ”ကို တနေ့ တည်း ကျင်းပလျှင် ပို၍သင့်လျှော်ကြောင်း သိရှိသည်။ ထို့  ကြောင့် အနယ်နယ်အရပ်ရပ်မှ ကရင်အမျိုးသားခေါင်းဆောင်များနှင့် အောက်လွှတ်တော်အမတ်များအား တွေ့  ဆုံစေပြီး၊ မည်သည့်နေ့ ရက်တွင် ကရင်နှစ်သစ်ကူးနေ့ ကျင်းပရန် သင့်လျှော်မည်ကို ရှေးအထောက်အထားများ၊ အကြောင်းအရာများကို စုံစမ်း၍ “ဒေါကလူ”အသင်းကြီးအား ပ်ြန်လည်အစီရင်ခံစေသည်။
ထို့ကြောင့် အနယ်နယ်အရပ်ရပ်မှ အစီရင်ခံစာများ ပေးပို့ ကြသည်သာမက “ဆရာယာနီ”ဆိုသူ ကိုယ်တိုင်လာရောက်တွေ့ ဆုံသည်။ “ဆရာယာနီ”သည် မြောင်းမြခရိုင်- တကူးဆိပ်ရွားသာညးဖြစ်၍ ဖါပွန်တွင် ကျောင်းဆရာအဖြစ် နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့သူဖြစ်သည်။ ၎င်းနှင့်အတူ တောင်ပေါ်ကရင်ဒေသရှိ ကရင်အမျိုးသားများ အသုံးပြုသော ပျဉ်ပြားပြက္ခဒိန်ကို ယူဆောင်လာ၍ တင်ပြသည်။ ထိုပျဉ်ပြားပြက္ခဒိန်တွင် တနှစ်လျှင် (၁၂)လ ပါရှိ၍ ပထမလမှာ ပြာသိုလဖြစ်ကြောင်း သက်သေအထောက်အထားနှင့် တင်ပြပါသည်။
ထို့ အတူ “ဒေါကလူ”အသင်းကြီး၏ အထွေထွေအတွင်းရေးမှူး မန်းဘခင်မှလည်း နှစ်ပေါင်း (၇၀)ကျော်က စတင်ထုတ်ဝေခဲ့သည့် ပိုးကရင်သင်ပုန်းကြီ်းနှင့် ဖတ်စာအုပ်ကို တင်ပြပါသည်။

အဆိုပါစာအုပ်တွင် တနှစ်လျှင် (၁၂)လ ပါရှိပြီး ပြာသိုလမှာ ပထမလ ဖြစ်ကြောင်း ဘိုးဘွားများလက်ထက်မှစ၍ ယနေ့ တိုင်အောင် ကရင်နှစ်သစ်ကူးနေ့ ကို ပြာသိုလဆန်း (၁)ရက်နေ့ တွင် ကျင်းပကြောင်း တင်ပြသွားပါသည်။
ထို့ ကြောင့် သမိုင်းဝင်နေ့ တနေ့ ရရှိရန် ကရင်နှစ်သစ်ကူးနေ့ အဖြစ် တင်သွင်းရာ၌ ပထမဦးစွာ အောက်လွှတ်တော်မှ စတင် တင်သွင်းရမည်ဖြစ်၍ ကရင်အမတ် (၁၅)ဦး၏ ဒုတိယဥက္ကဌဖြစ်သော စောဂျွန်ဆင်ဒီဖိုးမင်း (Saw Joh Nson –D- P0min)သည် နေ့ ရက်သတ်မှတ်ရေးအတွက် တာဝန်ယူရသည်။ ထို့  ကြောင့် စောဂျွန်ဆင်ဒီဖိုးမင်း သည် တောင်ငူမြို့ ရှိ ကရင်သက်ကြီးဝါရင့်သူတချို့ နှင့် ဆွေးနွေးခဲ့ပြီး သရာမိုးလို (ကရင်အမျိုးသားအလံတော် ပုံစံတင်သွင်းရာတွင် ဒုတိယဆုရရှိသူ)အား ဆက်လက် တာဝန်လွှဲအပ်ခဲ့ကြသည်။
သရာမိုးလိုသည် ကရင်အမျိုးသားတို့ ၏ ခုနှစ်သက္ကရာဇ်သည် နှစ်ပေါင်းမည်မျှရှိကြောင်းနှင့် ကရင်အမျိုးသားတို့ ၏ နှစ်သစ်ကူးနေ့ သည် မည်သည့်နေ့ ၊ လ၊တွင် ဖြစ်ကြောင်း ဟူသော အချက် နှစ်ချက်အပေါ် မူတည်၍ ရှာဖွေသုတေသနလုပ်ခဲ့ပြီး ပြည်လည်တင်ပြခဲ့သည်။

အရှေ့ တိုင်းသုတေသနကြီးနှစ်ဦးဖြစ်သော ဂျီ၊ အိပ်ခ်ျ၊ လူစ့်(G.H.Luce)နှင့် ဂျီ၊ အီး၊ ဟာဗီ(G.E. Harvey)တို့ ၏ မှတ်တမ်းပြုချက်အရ၎င်း၊ အမျိုးသားပညာဝန် ဦးဖိုးကျား ရေးသားသော မြန်မာရာဇ၀င်အရ၎င်း၊ ကရင်လူမျိုးများသည် မြန်မာနိုင်ငံသို့  ရှေးဦးစွာ ၀င်လာခဲ့ကြသည်မှာ ဘီ။ စီ ၇၃၉ ခုနှစ်က ဖြစ်ကြောင်း သိရှိရပေသည်။
သို့ ဖြစ်၍ သရာမိုးလိုက ကရင်သက္ကရာဇ်ကို ကရင်လူမျိုးတို့  မြန်မာနိုင်သို့  ၀င်ရောက်လာခဲ့ကြသည့် ထိုနှစ်မှ အစပြု၍ ရေတွက်ရန် အဆိုပြုခဲ့၏။ ယင်းအဆိုပြုချက်ကို အေ၊ ဒီ ၁၉၃၆ ခုနှစ်တွင် တင်သွင်းခဲ့ရာ၊ ကရင်လူမျိုးများ မြန်မာနိုင်ငံသို့  စတင်ဝင်ရောက်လာခဲ့ကြသည့် ဘီ၊ စီ ၇၃၉ ခုနှစ်မှ စ၍ ရေတွက်သော် နှစ်ပေါင်း (၂၆၇၅)နှစ် ရှိပြီးဖြစ်သည်။
တောင်ငူမြို့ ရှိ သက်ကြီးဝါကြီးများ၏ သဘောတူညီ သတ်မှတ်လိုက်သည့် နေ့ ရက် (သလေလဆန်း (၁)ရက်)ကို ဥပဒေပြုအောက်လွှတ်တော်တွင် တင်သွင်းအဆိုကို စောဂျွန်ဆင်ဒီဖိုးမင်း လက်မှတ်ထိုး၍ အောက်လွှတ်အစည်းအဝေးတွင် တင်သွင်းခဲ့၏။ ၁၉၃၇ ခုနှစ်၊ သြဂုတ်လ ၂၃ ရက်နေံတွင် ကျင်းပပြုလုပ်သော ဥပဒေပြုအောက်လွှတ်တော် အစည်းအဝေးမှတ်တမ်းတင်ချက်အရ (Presented)ဟူ၍ မှတ်တမ်းတင်ထားသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ အထက်လွှတ်တော်မှ ဆရာစံဘော် က ဆက်လက်ဦးဆောင်၍ ၀န်ကြီး စောဖေသာနှင့် ညှိနှိုင်းပြီး၊ ဒေါက်တာ ဘမော်အစိုးရအဖွဲ့ သို့  တင်ပြ၍ အစိုးရ၏ သဘောတူညီချက်အရ (Cabi-net Executive Pow – er)ဖြင့် ဘုရင်ခံထံသို့  တင်ပြနိုင်၍ ဘုရင်ခံ၏ သဘောတူညီချက်ကြောင့် အစိုးရရုံးများနှင့် လွှဲပြောင်းနိုင်သည်။
စာချုပ်စာတမ်း အက်ဥပဒေ (Ne – G0tiable Instrument act.) အစိုးရ အသိအမှတ်ပြု ရုံးပိတ်ရက်အဖြစ် ရရှိခဲ့သည်။
အစိုးရ၏ ပထမဦးဆုံး အသိအမှတ်ပြု ရုံးပိတ်ရက်မှာ ၁၉၃၈ ခုနှစ်၊ ဇန်န၀ါရီလ (၁)ရက် (၁၂၉၉ ခုနှစ် ပြာသိုလဆန်း (၁)ရက်နေ့ ဖြစ်ပြီး၊ ၎င်းနေ့ တွင် ၀တ်လုံတော်ရ ဆစ်ဒနီလူနီက အသံလွှင့်မိန့် ခွန်း ပြောကြားခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် ပေါ်ထွက်လာသည့် “သာ့ပွာဖိုးလင်းတေး” ပြုစုရေးဆွဲခဲ့သည့် ကရင်အမျိုးသားပြက္ခဒိန်အရ၊ တစ်နှစ်ပြည့်မြောက်၍ ၁၉၃၈ ခုနှစ်၊ ဒီဇင်ဘာလ (၂၁)ရက်နေ့ တွင် ကျရောက်သည့် ကရင်နှစ်သစ်ကူးနေ့ ပွဲတော်တွင် ကရင်အမျိုးသားခေါင်းဆောင်ကြီး (၅)ဦး ဖြစ်ကြသော ဒေါက်တာစံစီဖိုး၊ မန်းရွှေဘ၊ မန်းလှဖေ၊ စောဆစ်ဒနီလူနီနှင့် စောဖေသာတို့ က သြ၀ါဒ သ၀ဏ်လွှာပေးပို့ ခဲ့သည်။
(သ၀ဏ်လွှာ ပေးပို့ သည့် နေ့ စွဲမှာ “သာ့ပွာဖိုးလင်းတေး”၏ ပြက္ခဒိန်အရ ၁၉၃၈ ခုနှစ်တွင် နှစ်ကြိမ်မျှ ကျရောက်ခြင်းကြောင့် ရက် အမှန် (၂၁ - ၁၂ - ၁၉၃၈) အစား (၂၁ - ၁၂ - ၁၉၃၉)ဟူ၍ ဖြစ်နေကြောင်း သတိပြုအပ်၏)
မည်သို့ ပင်ဆိုစေ ယနေ့  ကရင်အမျိုးသားထုတရပ်လုံးက သရာမိုလို၏ ရှာဖွေချမှတ်ပေးခဲ့သည့် ကရင်နှစ်သစ်ကူး နေ့  ဖြစ်သော “သလေ”လဆန်း (၁)ရက်ဟု အတည်ပြုထားသော ပြာသိုလဆန်း (၁)ရက် သို့ မဟုတ် “ထိုင်ခေါက်ဖိုး”လဆန်း (၁)ရက် ကိုသာ ဆက်လက် အတည်ပြုလက်ခံနေကြကြောင်း တွေ့ ရှိပါသည်။
Redesigned by Sawlinux.