ထိုင်းနိုင်ငံ၊ နွန်ထဘူရီ၊ ၀တ်နခွန်အင်ကျောင်းမှာ နှစ်သစ်ကိုကြိုဆိုသောအားဖြင့် အတာသင်္ကြန်အလှူပွဲကို စီရင်ကျင်းပခဲ့ပါသည်။
အစီအစဉ်အားဖြင့် သံဃာတော်များအားနေ့ဆွမ်းဆက်ကပ်ကြပြီး နေ့လည်ပိုင်းမှာတရားတော်နာ၊ ရေစက်သွန်းချအမျှပေးဝေ
ကြပါသည်။ ထိုနောက် နှစ်သစ်မင်္ဂလာအတွက် ဘုရားဂုဏ်ကိုအာရုံပြုကာ ဘုရားရုပ်ပွားတော်ကိုရေသပ္ပါယ်ခြင်း၊ သံဃာတော်
များ၏လက်တော်ကို ရေဆေးခြင်းဖြင့် ကုသိုလ်ကောင်းမှုပြုလုပ်ခဲ့ကြပါသည်။
ထိုအလှူတွင် သင်္ကြန်ထမင်းစသောအစားအစာဖြင့် ရောက်လာသောဧည့်ပရိတ်သတ်တို့အား ဧည့်ခံကြပါသည်။
အလှူပွဲဓာတ်ပုံမှတ်တမ်းများ
No comments:
Post a Comment