at .com  at .com

Tuesday, December 27, 2011

(21) ကြိမ်မြောက် ကရင်နှစ်ကူးပွဲတော် (တောင်ကလေး၊ ဘားအံ)

ကရင်သက္ကရစ် ၂၇၅၁-ခုနှစ် ပြာသိုလ္ဆန်း (၁) ရက်နေ့တွင် ကျနော်တို့ကရင်တိုင်းရင်းသားထုတစ်ခုလုံးရဲ့နှစ်သစ် မင်္ဂလာအခါတော်နေ့ဖြစ်ပါသည်။ ကရင်နှစ်သစ်ကူးပွဲတော်ကို ပြည်တွင်း၊ပြည်ပမှာရှိနေကြတဲ့ကရင်တိုင်းရင်းသား အသီးသီးတို့က မိမိတို့နေထိုင်ရာဒေသအလိုက်စည်းကားသိုက်မြိုက်စွာကျင်းပခဲ့ကြသည်ကို အင်တာနက်စာမျက် နှာများမှတစ်ဆင့် မြင့်တွေ့ရှုစားကြရပါသည်။

ထိုအသီးသီးကျင်းပခဲ့ကြရာတွင် ကျနော့်အနေဖြင့် ဖေ့စ်ဘွတ်စာမျက်နှာမှ မြင်တွေ့ခဲ့ရသော ဘားအံ၊ တောင်းက လေးတွင် ကျင်းပခဲ့သောကရင်နှစ်သစ်ကူးပွဲတော်ကို တစ်မူထူးခြားစွာနဲ့ ရိုးရာဓလေ့ကိုဖေါ်ကြူးနိုင်သော ကျင်းပ ရာမြင်ကွင်းနှင့် ၀တ်စားဆင်ယဉ်မှုတို့ပဲဖြစ်တယ်။ အဲဒီမြင်ကွင်းဓာတ်ပုံကိုအမှတ်တရဖြစ်စေဖို့ရန်နဲ့ မကြည့်ရှုမခံ စားရသေးသော ကရင်တိုင်းရင်းသားညီ၊ကို၊ မောင်၊နှမများတို့အား ကြည့်ရှုခံစားနိုင်ရန်ဒီဆိုက်ပေါ်မှာပြန်လည် တင်ဆက်ခြင်းဖြစ်ပါတယ်။ ကြည့်ရှုတော်မူကြပါခင်ဗျား….















1 comment:

Sor Hwein Thar Htunt said...

သွားကြည့်လိုက်ပါတယ် Announcement ကိုမြန်မာလိုပြောကြားသွားတာကို က စိတ်မကောင်းဖြစ်မိပါတယ်.........ကရင်နှစ်ကူးလုပ်ပြီးတော့ ကရင်လိုဘာလို့မပြောကြတာလဲ........

Redesigned by Sawlinux.