at .com  at .com

Monday, August 11, 2014

ခွယ်ကဘောင်ပညာဥယျာဉ်ကျောင်း၏ Running Activities လက်ရှိလုပ်ဆောင်ချက်များ

ဇွဲကပင် (ခွယ်ကဘောင်) ပညာဒါနအသင်း တည်ဆောက်ထားသော ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင်ကုန်း၊ ခွယ်ကဘောင်
ပညာဥယျာဉ်ကျောင်း၏ Running Activities လက်ရှိလုပ်ဆောင်ချက်များနဲ့ပတ်သက်ပြီး အလှူရှင်များမျက်ခြေမပြတ်စေရန်
ရည်သန်၍ ဒီဘလော့မှာအစဉ်မပြတ်တင်ပြပေးမှာဖြစ်ပါသည်။

၁၃၇၆-ခုနှစ် (၂၀၁၄) အတွင်းဝါဆို ၇ဟန်း၊ သာမဏေစုစုပေါင်း ၅၀ ပါး (ပရိယတ္တိစာပေများ၊ ကရင်စာပေ၊ အခြေခံအင်္ဂလိပ်စာ
များသင်ကြားခြင်း)

နောက်ထပ်ဧည့်ဆောင်တစ်ဆောင်တည်ဆောက်ခြင်း (ခန့်မှန်းခြေ-သိန်းရှစ်ဆယ်)


ရေဖြန့်ဝေရန် ရေစင်တည်ဆောက်ခြင်း (ခန့်မှန်းခြေ - သိန်းခြောက်ဆယ်)


နွေရာသီအင်္ဂလိပ်စာသင်တန်းပို့ချခြင်း စသောလုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ်လုပ်ဆောင်သွားမည်ဖြစ်ပါသည်။
အခုမြင်ရသောဓာတ်ပုံသည် ၂၀၁၄-ခုနှစ် မေလ၊ ဧပြီလအတွင်းနွေရာသီအင်္ဂလိပ်စာသင်တန်း ကျောင်းသူ၊ကျောင်းသားများဖြစ်သည်။


Main Plan (activities) အဓိကလုပ်ဆောင်မည့်အချက်
အဓိကမိန်းလုပ်ဆောင်ချက်မှာ ပင်မသုံးထပ်ကျောင်းဆောင်ကြီးတစ်ဆောင်ဆောက်လုပ်ရန်ဖြစ်ပါတယ်။ ၎င်းကျောင်းဆောင်
ကြီးကို ရေရှည်တားဂက်ထားပြီးလုပ်ဆောင်မှာဖြစ်သလို ရပ်ဝေး၊ ရပ်နီးစေတနာရှင်အလှူရှင်များလည်း မိမိတတ်နိုင်သလောက်
ပါဝင်လှူဒါန်းနိုင်ပါသည့်အကြောင်း မိမိလူမျိုး၏ မျိုးဆက်သစ်လူငယ်များအတွက်ရည်သန်၍တိုက်တွန်းနိုးဆော်အပ်ပါ
သည်။

ဇွဲကပင်(ခွယ်ကဘောင်)ပညာဒါနအသင်း

No comments:

Redesigned by Sawlinux.