at .com  at .com

Wednesday, April 22, 2009

ဇွဲကပင်ပညာဒါနအသင်းကြီး၏ ရည်ရွယ်ချက်နှင့် ဖွဲ့စည်းပုံများ

(ဤပို့စ်ကို ဇွဲကပင်ပညာဒါနအသင်းကြီး၏ လုပ်ဆောင်ချက်များ သိရှိနိုင်ရန် ပြန်လည်တင်ထားခြင်းဖြစ်ပါသည်)

ဇွဲကပင်ပညာဒါနအသင်း၏အကြိုအစည်းအဝေးကိုယနေ့၃၁၃၂၀၀၈မှာဒုတိယအကြိမ်ကျင်းပခဲ့သည်။အသင်းဝင်၏ဖွဲ့စည်းပုံ
ကိုပြန်လည်ပြင်ဆင်ဖွဲ့စည်းလိုက်ပြီးရှေဆက်လုပ်ဆောင်မည့်လုပ်ဆောင်လုပ်ငန်းအချို့ကိုလည်းညှိနှိုးတိုင်ပင်ဆွေးနွေးခဲ့ကြသည်။
အသင်းအတွက်ဘဏ္ဍာရေးရှာဖွေမှုကိစ္စ၊ဂုဏ်ပြုမှတ်တမ်းတင်လွှာကိစ္စ၊လက်ကမ်းစာစောင်လူတိုင်းသိအောင်လုပ်ဆောင်မည့်ကိစ္စ
စသည်များကိုအသေးစိပ်ဆွေးနွေးတိုင်ပင်ခဲ့ကြသည်။အစည်းအ၀းသို့ စုစုပေါင်း သံဃာ(၁၂)ပါးကြွရောက်ကြပြီး အသင်း၏ ဖွဲ့စည်းပုံနှင့်စည်းမျဉ်းများကို အောက်ပါအတိုင်းဖြစ်ပါသည်။

ဇွဲကပင်ပညာဒါနအသင်း
« « « « « « « « «
ဖွဲ့စည်းပုံနှင့်အသင်း၏ရည်ရွယ်ချက်အကျဉ်း

၁။ အသင်း၏အမည် = ဇွဲကပင်ပညာဒါနအသင်း
(၂၃-၁-၂၀၀၅ ခုနှစ်တွင် စတင်တည်ထောင်သည်။)

၂။ အသင်း၏တည်နေရာ = ဘန်ကောက်မြို့၊ ထိုင်းနိုင်ငံ

၃။ အသင်း၏ရည်ရွယ်ချက် = ပညာထူးချွန်ထက်မြက်သော ကရင်အမျိုးသားရဟန်းတော်များ ပေါ်ထွန်းလာစေရန်အတွက် အထောက်အပံ့များ ကူညီထောက်ပံ့ လှူဒါန်းရန်။
၎။ အသင်းဖွဲ့စည်းပုံ = အောက်ပါအတိုင်း အလုပ်အမှုဆောင်ကော်မတီဖြင့် ဖွဲ့စည်း ဆောင်ရွက်သည်။ အလုပ်အမှုဆောင်ကော်မတီတွင်--

၁) နာယကဆရာတော်များ
၂) ဥက္ကဋ္ဌဆရာတော်
၃) ဒု- ဥက္ကဋ္ဌဆရာတော်
၎) အကျိုးတော်ဆောင် ဆရာတော်
၅) တွဲဖက်အကျိုးတော်ဆောင်ဆရာတော်
၆) ဘဏ္ဍာရေးမှုးဆရာတော်
၇) တွဲဖက်ဘဏ္ဍာရေးမှူးဆရာတော်
၈) အဖွဲ့ဝင်ဆရာတော်များဖြင့် ဖွဲ့စည်းဆောင်ရွက်သည်။
၅။ အလုပ်အမှုဆောင်ဆရာတော်များ၏သက်တမ်းသည် (၃) နှစ်ဖြစ်သည်။

၆။ အသင်း၏လုပ်ငန်းစဉ် = နိုင်ငံခြားတက္ကသိုလ်/ကောလိပ်တစ်ခုခုတွင် တက်ရောက် ပညာသင်ယူ/ သင်ကြားနေသော ကရင်အမျိုးသားရဟန်းတော်များအား ပညာဒါနအလှူငွေ လှူဒါန်းထောက်ပံ့ခြင်း၊ အသင်း၏ရန်ပုံငွေရှာဖွေခြင်းတို့ဖြစ်သည်။

၇။ အသင်း၏ အလုပ်အမှုဆောင်များသည် အကြောင်းအမျိုးမျိုးကြောင့် တာဝန်မထမ်းဆောင်နိုင်ခဲ့ သော် အသင်း၏ အလုပ်အမှုဆောင်ကော်မတီသို့ အကြောင်းကြား၍ နှုတ်ထွက်နိုင်သည်။

၈။ ဇွဲကပင်ပညာဒါနအသင်းသည် မိသားစုအသွင်ဆောင်သောအသင်းမျိုးဖြစ်သောကြောင့် အသင်း၏တာဝန်များကို ဆောင်ရွက်ရာတွင် မိသားစုစိတ်ဓာတ်ဖြင့် ၀ိုင်းဝန်းဆောင်ရွက်ခြင်း၊ ကရင်အမျိုးသားများ ပညာထူးချွန်ထက်မြက်လာပြီး အမျိုးဘာသာ၊ သာသနာဖွံ့ဖြိုး တိုးတက်စေရန် ဟူသော စိတ်ဖြင့် ညီညီညွတ်ညွတ်ဆောင်ရွက်ခြင်း စသည်တို့ဖြစ်သည်။

၉။ အသင်း၏ဖွဲ့စည်းပုံနှင့် စည်းမျဉ်း စည်းကမ်းစသည်တို့ကို အခြေအနေအားလျော်စွာ ပြုပြင်ခြင်း၊ ဖြည့်စွက်ခြင်း၊ နှုတ်ပယ်ခြင်းစသညိ ပြုလုပ်နိုင်သည်။

၁၀။ အသင်း၏အမှုဆောင်နှင့် အသင်းဝင်များသည် အသင်း၏ရည်ရွယ်ချက်များကို ထိရောက်စွာ အကောင်အထည်ဖေါ်ဆောင်နိုင်ရေးအတွက် အသင်းကို ကိုယ်စားပြုသော စည်းရုံး ဟောပြောမှုများကို အခါအခွင့်အားလျော်စွာဆောင်ရွက်သွားကြရန်ဖြစ်သည်။


ဤဇွဲကပင်ပညာဒါနအသင်း၏ အလုပ်အမှုဆောင်အဖွဲ့ဝင်များကို ၃၁ - ၃ - ၂၀၀၈ နေ့တွင် အောက်ပါအတိုင်း အသစ်ပြန်လည်ဖွဲ့စည်းလိုက်သည်။

(က) အမှုဆောင်နာယကဆရာတော်များ

၁) ဘဒ္ဒန္တ ဝေဒေဟသာမီဘိဝံသ ရန်ကုန် Myanmar
၂) ဘဒ္ဒန္တ ဇောတိက ရန်ကုန်(န.ပ.သ) Myanmar
၃) ဘဒ္ဒန္တ အာဒိစ္စ ပုသိမ် India
၎) ဘဒ္ဒန္တ ကုမာရ ထီဖိုးစံ Thailand
၅) ဘဒ္ဒန္ဆ ပုည ထီဖိုးစံ Thailand
၆) ဘဒ္ဒန္တ ပညာဝံသ နောင်ဘို Australia

(ခ) ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင် ဆရာတော်များ

ဥက္ကဌဆရာတော် = ဦးဣန္ဒာစာရ
ဒုတိယ ဥက္ကဌဆရာတော် = ဦးမေတ္တာနန္ဒ
အကျိုးတော်ဆောင် ဆရာတော် = ဦးနာဂ၀ံသ
တွဲဘက်အကျိုးတော်ဆောင် ဆရာတော် = ဦးဉာဏသာမိ
ဘဏ္ဍာရေးမှူး = ဦးကုဝေရ
တွဲဘက် ဘဏ္ဍာရေးမှူး = ဦးပညာဇောတ

(ဂ) သတင်းနှင့်ပြန်ကြားရေးဆရာတော်များ

၁) ဦးနာဂ၀ံသ (က်ုကျောဝ်) ထိုင်း
၂) ဦးမေဓာနန္ဒ (ထီ့ဖေါဟ်စင်) သီရိလင်္ကာ
၃) ဦးတေဇနိယ (ခ်ုလိုဒ့်ဆင့်မောဝ်ထုင်း) သီရိလင်္ကာ
၎) ဦးသုဇန ( ဏံင်းမျးလွဲာ) အိန္ဒိယ

(ဃ) ပညာတော်သင်မော်နီတာရဟန်းတော်များ

၁) ဦးကုဝေရ ( ဏံင်းမျးလွဲာ) အိန္ဒိယ
၂) ဦးဂုဏသာမိ ( ထဲုးမင်ထောဝ်) သီရိလင်္ကာ

မှတ်ချက်။ ကျန်သော ပညာတော်သင် ရဟန်းတော်များအားလုံးသည် အလုပ်အမှုဆောင်အဖွဲ့၏ အဖွဲ့ဝင်များ ဖြစ်ကြသည်။

No comments:

Redesigned by Sawlinux.