at .com  at .com

Friday, April 11, 2014

မောင်တို့ မယ်တို့အတွက် "ဆုံးမစကား"

အဖိုးတန်တဲ့ လူတိုင်းသိသင့်သိထိုက်တဲ့ "အဆုံးအမ သြ၀ါဒ" တစ်ပုဒ်ကိုတင်ပေးလိုက်မယ်။ ဖတ်ပြီးတကယ်
လိုက်နာမယ်ဆိုလျှင် လူ့ဘောင်လူ့လောကအတွက် အရမ်းအကျိုးများပါလိမ့်မည်။


အချိန်ကိုလေးစား
အများနဲ့တည့်အောင်ပေါင်း
မကောင်းတာမလုပ်နဲ့
အကောင်းကို ခေါင်ကချုပ်
အလုပ်မှန်သမျှ လေးစား
အနေအထိုင်သိမ်မွေ့
ဓလေ့စရိုက်ဖြူစင်
ဉာဏ်အမျှော်အမြင်ကြီးမား
ဘုရားဆို အဓိက
တရားဆို အမိအရ
စကားချို အတိအကျ
သတိ ၀ီရိယ အဖေါ်လုပ်
အပျော်အရှုပ်ကင်းရှင်း
အတင်းအဖျင်းရှောင်ခွါ
မလိုတမာ မကပ်ငြိနဲ့
မြတ်က၀ိ ပီပြင်စေ
အတတ် အသိ တီထွင်လေ
ပြည်ခွင်နေလူအများနဲ့ ၊ မြတ်ဘုရားသာသနာ ၊ စုံနှစ်ဖြာတိုးတက်အောင်
အဖိုးအနက်၊ တန်ခိုးထက်ပြီး အကျိုးဆက်ကြပေတော့ "မောင်တို့ မယ်တို့" ။

ဆရာတော်များဆုံးမသြ၀ါဒ

No comments:

Redesigned by Sawlinux.