at .com  at .com

Monday, August 11, 2014

ခွယ်ကဘောင်ပညာဥယျာဉ်ကျောင်း၏ Running Activities လက်ရှိလုပ်ဆောင်ချက်များ

ဇွဲကပင် (ခွယ်ကဘောင်) ပညာဒါနအသင်း တည်ဆောက်ထားသော ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင်ကုန်း၊ ခွယ်ကဘောင်
ပညာဥယျာဉ်ကျောင်း၏ Running Activities လက်ရှိလုပ်ဆောင်ချက်များနဲ့ပတ်သက်ပြီး အလှူရှင်များမျက်ခြေမပြတ်စေရန်
ရည်သန်၍ ဒီဘလော့မှာအစဉ်မပြတ်တင်ပြပေးမှာဖြစ်ပါသည်။

၁၃၇၆-ခုနှစ် (၂၀၁၄) အတွင်းဝါဆို ၇ဟန်း၊ သာမဏေစုစုပေါင်း ၅၀ ပါး (ပရိယတ္တိစာပေများ၊ ကရင်စာပေ၊ အခြေခံအင်္ဂလိပ်စာ
များသင်ကြားခြင်း)

နောက်ထပ်ဧည့်ဆောင်တစ်ဆောင်တည်ဆောက်ခြင်း (ခန့်မှန်းခြေ-သိန်းရှစ်ဆယ်)


ရေဖြန့်ဝေရန် ရေစင်တည်ဆောက်ခြင်း (ခန့်မှန်းခြေ - သိန်းခြောက်ဆယ်)


နွေရာသီအင်္ဂလိပ်စာသင်တန်းပို့ချခြင်း စသောလုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ်လုပ်ဆောင်သွားမည်ဖြစ်ပါသည်။
အခုမြင်ရသောဓာတ်ပုံသည် ၂၀၁၄-ခုနှစ် မေလ၊ ဧပြီလအတွင်းနွေရာသီအင်္ဂလိပ်စာသင်တန်း ကျောင်းသူ၊ကျောင်းသားများဖြစ်သည်။


Main Plan (activities) အဓိကလုပ်ဆောင်မည့်အချက်
အဓိကမိန်းလုပ်ဆောင်ချက်မှာ ပင်မသုံးထပ်ကျောင်းဆောင်ကြီးတစ်ဆောင်ဆောက်လုပ်ရန်ဖြစ်ပါတယ်။ ၎င်းကျောင်းဆောင်
ကြီးကို ရေရှည်တားဂက်ထားပြီးလုပ်ဆောင်မှာဖြစ်သလို ရပ်ဝေး၊ ရပ်နီးစေတနာရှင်အလှူရှင်များလည်း မိမိတတ်နိုင်သလောက်
ပါဝင်လှူဒါန်းနိုင်ပါသည့်အကြောင်း မိမိလူမျိုး၏ မျိုးဆက်သစ်လူငယ်များအတွက်ရည်သန်၍တိုက်တွန်းနိုးဆော်အပ်ပါ
သည်။

ဇွဲကပင်(ခွယ်ကဘောင်)ပညာဒါနအသင်း

(5) ကြိမ်မြောက် ဇွဲကပင်ပညာဒါနအသင်း ကရင်လက်ချည်ပွဲမင်္ဂလာ


(5) ကြိမ်မြောက် ဇွဲကပင်ပညာဒါနအသင်း ကရင်လက်ချည်ပွဲကို ထိုင်းနိုင်ငံ၊ နွန်ထဘူရီ၊ ၀တ်နခေါင်အင်ကျောင်း (၁၀-၈-၂၀၁၄)
တနင်္ဂနွေနေ့တွင် စီရင်ကျင်းပခဲ့ပါသည်။
ကရင်တိုင်းရင်းသားများရဲ့အဓိကရိုးရာဓလေ့များတွင် တစ်ခုအပါအ၀င်ဖြစ်သော "ကရင်လက်ချည်ပွဲမင်္ဂလာ"ကို ၀ါခေါင်လရောက်
တိုင်းစီရင်ကျင်းပလေ့ရှိပါသည်။ ဒါကြောင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်နယ်အတွင်းမှာရှိကြသော ကရင်တိုင်းရင်းသားများစုပေါင်းကာ
"ကရင်လက်ချည်ပွဲမင်္ဂလာ" ကို ထိုင်းနိုင်ငံ၊ နွန်ထဘူရီ၊ ၀တ်နခေါင်အင်ကျောင်းတွင် ဇွဲကပင်ပညာဒါနအသင်းမှ ဦးစီးစီရင်ကျင်းပ
ခဲ့ပါသည်။

ထိုလက်ချည်ပွဲမင်္ဂလာကို ကြွရောက်လာကြသောသံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းကြပြီး တရားတော်နာ၊ ရေစက်
ချကာ တစ်ပါတည်း "ကရင်လက်ချည်ပွဲမင်္ဂလာ"ကို စီရင်ကျင်းပခဲ့ပါသည်။ "ကရင်လက်ချည်ပွဲမင်္ဂလာ" အကြောင်းကို ဇွဲုကပင်
ပညာဒါနအသင်း ပင်တိုင်ရံပုံငွေရှာဖွေရေးနာယက မာန်နဲာကုဝေရ (နွန်ထဘူရီ)က ပရိတ်သတ်များအားရှင်းလင်းဟောကြား
ခဲ့ပါသည်။
ထိုနောက် ဆက်လက်ပြီး "ကရင်လက်ချည်ပွဲမင်္ဂလာ"အခမ်းအနားကို ကရင့်ရိုးရာအစဉ်အလာအတိုင်းစီရင်ကျင်းပခဲ့ပါသည်။

(5) ကြိမ်မြောက် ဇွဲကပင်ပညာဒါနအသင်း ကရင်လက်ချည်ပွဲမင်္ဂလာပွဲဓာတ်ပုံ


Monday, August 4, 2014

(၁၉)ကြိမ်မြောက် ဇွဲကပင်ပညာဒါနအသင်းအစည်း အောင်မြင်စွာကျင်းပပြီးစီး


ဇွဲကပင်ပညာဒါနအသင်းသည် (၁၉)ကြိမ်မြောက်အစည်းအဝေးအလှူပွဲကို ထိုင်းနိုင်ငံ၊ နွန်ထဘူရီ၊ ၀တ်နခွန်အင်ကျောင်းတွင်
(၁၃-၇-၂၀၁၄)တနင်္ဂနွေနေ့တွင် အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပါသည်။

ိထိုအစည်းအဝေးပွဲတွင် သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းကြပြီး နေ့လည် (၁၂)နာချိန်တွင် (၂၀၁၄) ပထမ-၆-လ
ပတ်အတွက် အစည်းအဝေးကိုစတင်ကျင်းပခဲ့ပါသည်။ ထိုတွင်(၂၀၁၄) ပထမ-၆-လပတ်အတွက် ရှာဖွေရရှိခဲ့သောအလှူငွေ
စာရင်းနှင့် (၂၀၁၄) ပြည်ပပညာတော်သင်ကရင်ရဟန်းတော်များအတွက် ချီးမြောက်ထောက်ပံ့လှူဒါန်းရမည့်ငွေပမာဏ
တို့ကို ရောက်ရှိလာသောစေတနာရှင်အလှူရှင်များတို့အား တာဝန်ရှိဆရာတော်မာန်နဲာကုဝေရ(နွန်ထဘူရီ)မှ ရှင်းလင်းတင်ပြ
ခဲ့ပါသည်။

ထိုနောက် ကြွရောက်လာကြသောအလှူရှင်များတို့ာအား ဆရာတော်ထံမှတရားနာယူကာရေစက်သွန်းချအမျှပေးဝေခဲ့ပြပြီး
(၂၀၁၄) ပထမ-၆-လပတ်အစည်းအဝေးကို အောင်မြင်စွာရုပ်သိမ်းခဲ့ပါသည်။

(၁၉)ကြိမ်မြောက် (၂၀၁၄)ခု ပထမ-၆-လပတ်အတွင်း ဇွဲကပင်ပညာဒါနအသင်း activities လုပ်ဆောင်ချက်များ

၁။ လေးနိုင်ငံ (သီရိလင်္ကာ၊ အိန္ဒိယ၊ ထိုင်း၊ မလေးရှား) ပြည်ပပညာတော်သင်သံဃာတော် ၃၄ပါးအား လှူဒါန်ထောက်ပံ့ငွေ
(၃၆၇၉ ၅၀) သုံးသိန်းခြောက်သောင်းခုနှစ်ထောင်ကိုးရာငါးဆယ် ဘတ်တိတိ
၂၊ ဘားအံမြို့၊ ဇွဲကပင်ကုန်း ၊ ခွယ်ကဘောင်ပညာဥယျုာဉ်ကျောင်း၊ ဆောက်လုပ်မည့်ပင်မကျောင်းအတွက်
(၇၀၁၂၀၀၀) သိန်းခုနှစ်ဆယ်တစ်သောင်းနှစ်ထောင် ကျပ်တိတိ
၃။ ဇွဲကပင်ပညာဒါနဘဏ်(ခွဲါကဘောင်ပညာ့ဆု်ဘုံးစေ၀်တုဂ်)အတွက်
( ၅၁၄၀၀) ငါးသောင်းတစ်ထောင်လေးရာ ဘတ်တိတိ
၎။ စာသင်စာပြ တရားဟောအတွက်စက်တလုံး
(၁၀၀၀၀) တစ်သောင်း ဘတ်တိတိ အကျိုးပြုလုပ်ငန်းများလုပ်ဆောင်ခဲ့ပါတယ်။

KDA

Saturday, August 2, 2014

ကိုးတိုင်း ၉-ဌာန သာသနာပြုစေလွှတ်ခန်း


သာသနာတော် (၂၃၅)ခုနှစ်၊ တတိယသံဃာယနာ တင်ပြီးချိန်တိုင်းပြည်အရပ်ရပ်တို့သို့ ဗုဒ္ဓသာသနာတော်ပြန့်ပွားစေရန်ရည်ညွှန်း၍
အာသောကမင်းတရားကြီးနှင့် အရှင် မဟာမောဂ္ဂလိပုတ္တတိဿ မထေရ်မြတ်တို့က ၉-တိုင်း ၉-ဌာန ပြည်နယ်တို့သို့ ဥပသမ္ပဒကံ
ဆောင်နိုင်စေရန်ခေါင်းဆောင်တစ်ပါးနှင့် ငါးပါးစီကို စေလွှတ်ကြွချီတော် မူကြသည်။

ပါရာဇိက၊ ဋ္ဌ၊ ပ၊ အုပ်၊နှင့် အခြားတရုတ်မှတ်စု၊ အင်္ဂလိပ်မှတ်တမ်းအမျိုးမျိုးတို့နှင့် ညှိနှိုင်းလျက် သာသနာတော် (၂၃၅)ခုနှစ်၊တတိယ
သံဃာယနာ တင်ပြီးချိန်တိုင်းပြည်အရပ်ရပ်တို့သို့ ဗုဒ္ဓသာသနာတော်ပြန့်ပွားစေရန်ရည်ညွှန်း၍ ထိုနှစ် တပို့တွဲလအတွင်း၌ပင်
အသောကမင်းတရားကြီးနှင့် အရှင် မဟာမောဂ္ဂလိပုတ္တတိဿ မထေရ်မြတ်တို့က ၉-တိုင်း ၉-ဌာန ပြည်နယ်တို့သို့ဥပသမ္ပဒကံ
ဆောင်နိုင်စေရန်ခေါင်းဆောင်တစ်ပါးနှင့် ငါးပါးစီကို စေလွှတ်ကြွချီတော်မူကြသည်။

(၁) ကသ္မီရ- ဂန္ဓာရတိုင်း

ဟိမဝန္တာ၏ အနောက်မြောက်ဘက် ပန်ချပ်နယ်၏အရှေ့မြောက်ဘက် စွန်းနှင့် စပ်လျက်ရှိသော ကသ္မီရတိုင်း၊ယင်း၏အနောက်ဘက်
သိန္ဓုမြစ်ခြားလျက်ရှိသော ဂန္ဓာရတိုင်း၊ ၂-တိုင်းပေါင်းလျက် အာဖဂန်နစ္စတန်ပါဝင်သည့် ဌာနများသို့ အရှင်မဇ္ဈန္တိကထေရ်မြတ်ခေါင်း
ဆောင်သောအဖွဲ့ဝင် သံဃာတော် ၄-ပါး၊ အာသီဝိသောပမသုတ္တန်ဟောကြားကာ သာသနာပြုတော်မူကြသည်။

(၂) မဟိံသကတိုင်း

အိန္ဒိယပြည်တောင်ပိုင်းရှိ မိုက်ဆိုနယ်၊ ယင်းနယ်၏မြောက်ပိုင်းရှိ'ချီတယ်ရ်'စီရင်စု ဌာနတို့သို့ မဟာဒေဝထေရ်ဦးဆောင်၍ အဖွဲ့ဝင်
သံဃာတော် ၄-ပါး၊ ဒေဝဒူတသုတ္တန်ကို ဟောကြားလျက် သာသနာပြုတော်မူကြသည်။

(၃) နဝါဒါသီတိုင်း

ဘုံဘေမြို့နယ်၏ တောင်ဘက်ပိုင်း ကာဏာရာနယ်၊ဟိုက်ဒရဗတ်နယ်၊ အရှေ့ဘက်ပိုင်းပြည်နယ်တို့သို့ အရှင်ရက္ခိတမထေရ်ခေါင်း
ဆောင်သောအဖွဲ့ဝင်သံဃာ၎-ပါးတို့ အနမတဂ္ဂသုတ္တန် ကြား၍ သာသနာပြုတော်မူကြသည်။

(၄) မဟာရဋ္ဌတိုင်း

ဘုံဘေနယ် အလယ်ပိုင်း ပူနားမြို့စသော နယ်များသို့အရှင်မဟာဓမ္မရက္ခိတမထေရ်ခေါင်းဆောင်၍ အဖွဲ့ဝင်သံဃာ ၄-ပါး ကြွတော်
မူကာ မဟာနာရဒကဿပဇာတ်တော်ကို ဟောကြားတော်မူကာ သာသနာပြုတော်မူကြသည်။

(၅) အပရ န္တတိုင်း

မလဝါနယ် အနောက်တောင်ဘက် နရဗဒ္ဓခေါ် နမ္မဒါမြစ်သစ္စဗန္ဓတောင် သုပ္ပရကသင်္ဘောဆိပ် ဝါဏိဇ္ဇဂါမ စသည်တို့သို့ အရှင်ဓမ္မရက္ခိ
တ မထေရ်ခေါင်းဆောင်သော သံဃာတော် ၄-ပါးတို့ ကြွတော်မူကာ သဂ္ဂိခန္ဓောပမ သုတ္တန်ကိုဟောကြားတော်မူ၍ သာသနာပြုတော်
မူကြသည်။

(၆) ယောနကတိုင်း

အိန္ဒိယပြည်၏ အပြင်ဘက် ပါရှား တူရကီ ဂရိတ်အီတလီတို့တည်ရှိရာ ယင်း၏ရှေးဟောင်းအမည်မှာ သာကလတိုင်း- သာကလမြို့ဖြစ်
၏။မိလိန္ဒမင်းကြီးနှင့် ရှင်နာဂသိန်မထေရ်မြတ်တို့ မေးဖြေရာဌာနသို့ အရှင်မဟာရက္ခိတ မထေရ်ခေါင်းဆောင်ကာ အဖွဲ့ဝင် ၄-ပါးတို့
ကြွတော်မူလျက် ကာဠကာရာမသုတ္တန်ကို ဟောပြောကာသာသနာပြုတော်မူကြသည်။

(၇) စိနရဋ္ဌ (ချိန) ခေါ် စိန့်တိုင်း ၅-ရပ်

ဟိမဝန္တာ၏ အရှေ့ဘက်အရပ်နှင့်မြောက်ဘက်အရပ်ရှိ (၁) ခိုတန်၊ (၂) ဘူတန်၊ (၃) ယရကန်၊ (၄) တိဘက်၊ (၅) တရုတ်ပြည်တို့
သို့အရှင်မဇ္ဈိမထေရ်ခေါင်းဆောင်လျက် အဖွဲ့ဝင် ၄-ပါးတို့ ကြွချီတော်မူကြကာ ဓမ္မစက္ကပဝတ္တနသုတ္တန်ကို ဟောတော်မူ၍
သိမ်းသွင်းကာ သာသနာပြုတော်မူကြသည်။

(၈) သုဝဏ္ဏဘူမိ တိုင်း

စိန့်တိုင်းကြီး၏ တောင်ဘက် ရှမ်း၊ မြန်မာ၊ မွန်၊ ကရင်၊ကချင်၊ ကယား၊ ယွန်း ယိုးဓယား၊ ကမ္ဘောဒီးယား၊ လားအို စသော လူမျိုးတို့
နေထိုင်ရာသို့အရှင်သောဏထေရ်နှင့်အရှင်ဥတ္တရထေရ် ၂-ပါးတို့ ဦးဆောင်ကာ အဖွဲ့ဝင်သံဃာ ၃-ပါးနှင့်ပေါင်း ၅-ပါးတို့
ကြွရောက်ကာဗြဟ္မဇာလသုတ္တန်ကို ဟောကြားတော်မူလျက် မြတ်ဗုဒ္ဓသာသနာတော်အတွင်းသို့ သိမ်းသွင်းတော်မူကြသည်။
မှတ်ချက်။ ။ မြန်မာတို့က မွန်းတိုင်းပြည်နယ်သထုံမြို့ကို သုဝဏ္ဏဘူမိဟု ယူဆကြသည်။ အိန္ဒိယကျောက်စာဌာနကမူ စုမတြာ
ကျွန်းကိုသူဝဏ္ဏဘူမိဟု ရေးထိုးကြသည်။

(၉) တမ္ဗဒီပ ခေါ် သီဟိုဠ်ကျွန်း

ယခုအခါ သရီလံကာ ဟူ၏။ ဒေဝါနံ ပီယတိဿမင်းကြီးလက်ထက်အခါ သာသနာတော် ၂၃၆-ခုနှစ်၊ နယုန်လပြည့်နေ့တွင်
အရှင်မဟာမဟိန္ဒထေရ်ဦးဆောင်၍အရှင်ဣဋ္ဋိယထေရ်၊ အရှင်ဥတ္တိယထေရ်၊ အရှင်ဘဒ္ဒသာလထေရ်၊ အရှင်သမ္ဗလထေရ်မြတ်
၅-ပါးတို့ ဦးဆောင်ကာ အဖွဲ့ဝင် ၁၃-ပါးနှင့် အရှင်မဟိန္ဒ၏တူတော် သုမနသာမဏေ၊ ပဏ္ဍုကခေါ် လူဥပါသကာတို့ သွားရောက်ကြ
ကာ စူဠဟတ္ထိပဒေါပမသုတ္တန်ကိုဟောကြား၍ ဗုဒ္ဓသာသနာတော်မြတ်ကြီး အရှည် တည်တံ့အောင် တည်တံ့တိုးပွားအောင်
သာသနာပြုတော်မူသွားကြလေသည်။

စုစည်းတင်ပြသူ = မာန်နဲာမေဓာ

Thursday, July 31, 2014

အယူဝါဒဆိုင်ရာ ဗုဒ္ဓရဲ့အမြင်(Critical Thinking) (သို့မဟုတ်) ကာလာမသုတ်(ကေသမုတ္တိသုတ်)


အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကေသမုတ္တိ ဆိုသော နိဂုံးအရပ်သို့ ရောက်ခဲ့လေ၏ ။ ထိုအရပ်၌ ကာလာမ အမည်ရှိသော ပုဏ္ဏားတို့
နေကြလေ၏ ။ ကာလမ ပုဏ္ဏားတို့သည် မြတ်စွာဘုရားနှင့်တွေ့ဆုံစဉ် အောက်ပါအတိုင်း မေးမြန်း စူးစမ်းကြလေ၏ ။

" အရှင်ဘုရား ၊ အချို့သော ရဟန်း ပုဏ္ဏား ( သာမဏ ဗြဟ္မဏ ) တို့သည် ဤ ကေသမုတ္တိ နိဂုံးသို့ ရောက်လာခဲ့ကြဖူးပါတယ် ၊ ဒီ ရဟန်း
ပုဏ္ဏားတို့ဟာ မိမိတို့ရဲ့ အယူဝါဒ ကိုသာပြဆိုကြပါတယ် ၊ ထွန်းပစေကြပါတယ် ၊ သူတစ်ပါး အယူဝါဒ ကိုမူကား ထိပါးကြပါတယ် ၊
မထီမဲ့မြင် ပြုကြပါတယ် ၊ ရှုတ်ချကြပါတယ် ၊ချေဖျက်ကြပါတယ် ။"

" အရှင်ဘုရား ၊ နောက်ထပ်လည်း အခြားသော ရဟန်း ပုဏ္ဏား တွေ ဤ နိဂုံး အရပ်သို့ ရောက်လာကြပါတယ် ၊ သူတို့ကလည်း သူတို့ရဲ့
အယူဝါဒကိုသာ ပြကြပါတယ် ၊ ထွန်းပစေကြပါတယ် ၊ သူတစ်ပါးရဲ့ အယူဝါဒတွေကိုတော့ ထိပါးကြပါတယ် ၊ ရှုတ်ချကြပါတယ်။ချေ
ဖျက်ကြပါတယ် ။"

" အရှင်ဘုရား ၊ အဲဒီ သာမဏ ဗြဟ္မဏ ခေါ်တဲ့ ရဟန်းပုဏ္ဏားတွေထဲမှာ ဘယ်သူဟာ မှန်တဲ့စကား ကိုဆိုသလဲ ဆိုတာ တပည့်တော်တို့မှာ
ယုံမှားတွေးတောပြီး သံသယ ဖြစ်ခဲ့ရပါတယ် " လို့ ဗုဒ္ဓကို ကာလာမ ပုဏ္ဏားများက လျှောက်ထား ခဲ့ဖူးပါတယ် ။

ထိုအခါ ဗုဒ္ဓဘုရားက ကာလာမပုဏ္ဏား တို့အနေနှင့် သံသယ ဖြစ်မည်ဆိုလျှင် ဖြစ်ထိုက်ကြောင်းကိုပြောဆို ညွှန်ပြပြီး အကြင်သူသည်
အယူဝါဒတစ်ခုကို မှန်သည် မှားသည် ဆုံးဖြတ်လိုသော် ပြုကျင့်အပ်သည် ဟု အချက် ဆယ် ချက်ကို ညွှန်ပြတော်မူခဲ့လေသည် ။

ထိုအချက်သည် မျက်မှောက်ခေတ် သိပ္ပံနည်းကျ အတွေးအမြင် အားလုံး၏ အခြေခံမူ ဖြစ်ရုံသာမက ကမ္ဘာပေါ်တွင် ပေါ်ပေါက်ခဲ့ပြီးသမျှ
ဒဿန အယူ အားလုံးနှင့်လည်း အကျုံးဝင်လျက် ရှိသည်ကို တွေ့ရလေသည် ။ ထို အသိပညာတစ်ခု သစ္စာဆိုက်မှု၏ စံ ဟု ဆိုအပ်သော
အချက် ဆယ်ချက်၏ အရေးပါအရာရောက်မှုကို မဆိုမီ ထိုဆယ်ချက်ကို ဤတွင် အသိပေး လိုပါသေးသည် ။

သို့မှသာ အမှန်ကိုသိလိုသောသစ္စာဝါဒီတိုင်း အတွက် ထိုအချက် ဆယ်ချက်သည် ဘ၀ တစ်ခုလုံးကို အလင်းပေးသော မီးတိုင် ဆယ်တိုင်
အဖြစ် တည်ရှိ နေပါလိမ့်မည် ။

ကေသမုတ္တိ နိဂုံးသား ကာလာမမင်းတို့အား မြတ်စွာဘုရားဟောကြားခြင်း...

“ ကာလာမ မင်းတို့ ၊ သင်တို့မှာ ယုံမှားသံသယ ဖြစ်သင့်ပေ၏ ။ သင်တို့သည်

(၁) မာ အနုသ၀နေန =တစ်ဆင့် ပြောသံစကား ကြားကာမျှဖြင့် ဟုတ်ပြီ ။ မှန်ပြီ ဟု အတည်မယူကုန်လင့်ဦး ။
Do not believe just because it is a tradition maintained by oral repetition.

(၂) မာ မရမ္ပရာယ = ဘိုးဘွားအစဉ်ဆက်မှ ဆင်းသက်လာသောအစဉ်အဆက်စကားမျှဖြင့် ဟုတ်ပြီ ။ မှန်ပြီ ဟု
အတည်မယူကုန်လင့်ဦး ။
Do not believe just because it is an unbroken the succession of practice.

(၃) မာ ဣတိကိရိယာယ = အခြေအမြစ်မရှိသောကောလာဟလစကားဖြင့် ဟုတ်ပြီး၊ မှန်ပြီးဟူ၍ အမှန်မယူလင့်ဦး ။
Do not believe just because it is hearsay.

(၄) မာ ပိဋကသမ္ပဒါနေန = ပိဋကတ်စာပေ(၀ါ)ဘာသာရေးစာပေ နှင့် ညီညွတ်ပေသည်ဟူ၍လည်း ဟုတ်ပြီး၊ မှန်ပြီးဟူ၍
အမှန်မယူလင့်ဦး ။
Do not believe just because it is in scripture and literature.

(၅) မာဝိတက္ကဟေတု = ကိုယ်ကျင့်မပါ၊ အသိဉာဏ်မပါသော ကြံဆတွေးတောကာမျှဖြင့် ဟုတ်ပြီး၊ မှန်ပြီးဟူ၍ အမှန်မယူလင့်ဦး ။
Do not believe just because it is correct on the grounds of metaphysical.

(၆) မာ နယဟေတု = သူတစ်ပါးတို့၏နည်းနံနိဿျကို ပုံတူကူးချရုံဖြင့် ဟုတ်ပြီး၊ မှန်ပြီးဟူ၍ အမှန်မယူလင့်ဦး ။
Do not believe just because it fits with once's the point of view.

(၇) မာ အာကာရပရိတက္ကေန = မိမိတွေးတောထားသောအကြံအစည်များကို အသင့်ယုတ္တိပေါ်တင်ပြီးသကာလ ဟုတ်ပြီး၊ မှန်ပြီးဟူ၍
အမှန်မယူလင့်ဦး ။
Do not believe just because it agrees with once's reasoning.

(၈) မာ ဒိဋ္ဌိနိဇ္ဈာနက္ခန္တိယာ = သူတစ်ပါးပို့ချချက်၊ ဟောပြောချက်များကို မိမိခံယူချက်နဲ့တူကာမျှဖြင့် ဟုတ်ပြီး၊ မှန်ပြီးဟူ၍ အမှန်မယူလင့်ဦး ။
Do not believe just because it agrees with once's the opinions and theories.

(၉) မာ ဘဗ္ဗဘရုဘတာယ = ငါတို့လေးစားသောပုဂ္ဂိုလ်များ၏ စကားဖြစ်ရုံမျှဖြင့် ဟုတ်ပြီး၊ မှန်ပြီးဟူ၍ အမှန်မယူလင့်ဦး ။
Do not believe just because speaker appears believable.

(၁၀) မာ သမဏော နော ဂရုတိ = ငါတို့ကိုးကွယ်သော ရဟန်း၏ စကားဖြစ်ရုံမျှဖြင့် ဟုတ်ပြီး၊ မှန်ပြီးဟူ၍ အမှန်မယူလင့်ဦး ။
Do not believe just because our teacher says thus and thus.

ကာလာမ မင်းတို့ ---

ဤတရားတို့ကား အကုသိုလ်တရား ။ အပြစ်ရှိသော တရား ။ ပညာရှိတို့ ကဲ့ရဲ့အပ်သော တရားတည်း ။ထိုတရားတို့ကို ကျင့်သုံးပါက
အစီးအပွားမရှိခြင်ငှာ ၊ ဆင်းရဲခြင်းငှာ ။ ဖြစ်ကုန်၏ ဟု သင်တို့သည် “ မိမိတို့ ကိုယ်တိုင် ” သိသော အခါ၌ ယင်းတို့ကို စွန့်ပယ်ရာ၏ ။

ဤတရားတို့ကား ကုသိုလ်တရား ။အပြစ် မရှိသော တရား ။ ပညာရှိတို့ ချီးမွမ်းအပ်သော တရားများဖြစ်၍ ယင်းတို့ကို ကျင့်သုံးပါက
အစီးအပွားရှိသည် ချမ်းသာခြင်းငှါ ဖြစ်သည်ဟု “မိမိ ကိုယ်တိုင် ” သိသော အခါ၌ မူ သင်တို့သည် ယင်းတို့နှင့် ပြည့်စုံ နေကုန်ရာ၏ ။

( အဂုင်္တ္တရနိကာယ် ။ တိက နိပါတ် ။ မဟာ ဝဂ် ကေသ မုတ္တိသုတ် )

စုစည်းတင်ပြသူ = မာန်နဲာမေဓာ

Sunday, June 29, 2014

(19) ကြိမ်မြောက် ခွယ်ကဘောင်(ဇွဲကပင်)ပညာဒါနအသင်းအလှူပွဲ ကြိုတင်ညှိနှိုင်းခြင်း


(19) ကြိမ်မြောက် ခွယ်ကဘောင်(ဇွဲကပင်)ပညာဒါနအသင်းအလှူပွဲ ကြိုတင်ညှိနှိုင်းခြင်းကို ၁၃၇၆-ခုနှစ် ၀ါဆိုလ္ဆန်း
(၃)ရက် (၂၉-၆-၂၀၁၄) တနင်္ဂနွေနေ့ ထိုင်းနိုင်ငံ၊ နွန်ထဘူရီ၊ ၀တ်နခေါင်အင်ကျောင်းတွင် ပြုလုပ်ခဲ့ပါသည်။
ထို ကြိုတင်ညှိနှိုင်းခြင်းအစည်းအဝေးကို အောက်ပါအချက်အလက်များဖြင့် သဘောတူဆုံးဖြတ်ခဲ့ကြပါသည်။
(၁) ငွေပဒေသာပင်ထိန်းသိမ်းစောင့်ရှောက်ရေးကော်မီတီဖွဲ့စည်းခြင်း
(၂) ၁၉-ကြိမ်မြောက်အလှူတွင် ဆွမ်းစသည်လှူဒါန်းမည့် အလှူရှင်များမှတ်သားခြင်းနှင့် အသင်း၏တိုးတက်ရာ
တိုးတက်ကြောင်းအကြံဉာဏ်များဖလှယ်ခြင်း

၁၉-ကြိမ်မြောက်အလှူတွင် ဆွမ်းစသည်လှူဒါန်းမည့် အလှူရှင်များ
၁။ မုန့်ဟင်းခါးအလှူရှင် = လောင်းကိုင်အဖွဲ့
၂။ ဆွမ်း၊ ဟင်းအလှူရှင် = စောကျော်လေးအဖွဲ့
၃။ အချိုရည်အလှူရှင် = မုကဒိလူငယ်အဖွဲ့
၎။ ရေသန့်အလှူရှင် = တောင်ကြာအင်းအဖွဲ့
၅။ သစ်သီးအလှူရှင် = စောလယ်တောစိန်အဖွဲ့
၆။ ကော်ဖီအလှူရှင် = မမြမြမိုးအဖွဲ့
၇။ ငပိရည်အလှူရှင် = မရင်သီ၊ မရင်ကြည် (ဥဒေါင်း)
၈။ တင်း၊ မီး၊ ရေခအလှူရှင် = ကျုံပကိုအဖွဲ့
၉။ ပန်းအလှူရှင် = မဝေအဖွဲ့

၁၉-ကြိမ်မြောက်အသင်း၏အစည်းအဝေးပွဲကို ထိုင်းနိုင်ငံ၊ နွန်ထဘူရီ၊ ၀တ်နခေါင်အင်ကျောင်းတွင် ၁၃၇၆-ခုနှစ်
ဝါဆိုလပြည့်ကျော် (၂)ရက် (၁၃-၇-၂၀၁၄) တနင်္ဂနွေနေ့တွင် စီရင်ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

ခွယ်ကဘောင်(ဇွဲကပင်)ပညာဒါနအသင်း

ကြိုတင်ညှိနှိုင်းအစည်းအဝေးဓာတ်ပုံ




ခွယ်ကဘောင်(ဇွဲကပင်)ပညာဒါနအသင်း " ငွေပဒေသာပင်ထိန်းသိမ်းရေးကော်မီတီ" ဖွဲ့စည်း


ခွယ်ကဘောင်(ဇွဲကပင်)ပညာဒါနအသင်း၏ ငွေပဒေသာပင်များကို ရေရှည်တည်တန့်နိုင်ရန် ရည်သန်၍ ၁၃၇၆-ခုနှစ် ၀ါဆို
လ္ဆန်း (၃)ရက် (၂၉-၆-၂၀၁၄) တနင်္ဂနွေနေ့ ထိုင်းနိုင်ငံ၊ နွန်ထဘူရီ၊ ၀တ်နခေါင်အင်ကျောင်းတွင် အောက်ပါပုဂ္ဂိုလ်များဖြင့်
"ငွေပဒေသာပင်ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီ" ဟူ၍ ဖွဲ့စည်းလိုက်သည်။

၎င်းငွေပဒေသာပင်သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မှာ စုဆောင်းရှာဖွေပြီးသကာလ ထိုငွေပဒေသာပင်ထဲတွင် ပြည်ပပညာ
တော်သင်ကရင်သံဃာတော်များအားချီးမြောက်လှူဒါန်းခြင်းနှင့် အသင်း၏တည်ဆောက်ထားသော ကရင်ပြည်နယ်၊ ဘား
အံမြို့၊ ခွယ်ကဘောင်ပညာဥယျာဉ်ကျောင်းအတွက်ကိုလည်း ထောက်ပံ့လှူဒါန်းရန်အတွက် စုဆောင်းထားခြင်းဖြစ်ပါ
သည်။

လက်ရှိအသင်း၏ fun ရန်ပုံငွေသည် (၁) ဘဏ္ဍာရေးငွေ (၂) ငွေပဒေသာပင် ဟူ၍ နှစ်မျိုးတည်ရှိနေသည်ကို အသင်းသူ၊
အသင်းသားများနားလည်သဘောပေါက်စေချင်သည်။ ယ္ခုအချိန်မှာ ခွယ်ကဘောင်(ဇွဲကပင်)ပညာဒါနအသင်း၏ မူရင်း
တည်ရှိရာဌာနကို ခွယ်ကဘောင်ပညာဥယျာဉ်ကျောင်း၊ ဇွဲကပင်ကုန်း၊ ဘားအံမြို့၊ ကရင်ပြည်နယ်တွင် ထားရှိပါသည်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မှာ ရန်ပုံငွေရှာဖွေစုဆောင်းရေးလုပ်ငန်းစဉ်ကိုသာဆက်လက်ဆောင်ရွက်မှာဖြစ်သည်။ ထိုကြောင့်
အသင်း၏ရှာဖွေစုဆောင်းပြီးရရှိလာတဲ့ ငွေပဒေသာပင်အားလုံးကို ပင်မဌာနတည်ရှိရာ ဘားအံမြို့တွင် ဘဏ္ဍာရေးအဖွဲ့
သို့အားလုံးလွဲပြောင်းလှူဒါန်းသွားမှာဖြစ်သည်။

လက်ရှိထိုင်းနိုင်ငံတွင် ရှာဖွေစုဆောင်းထားသောငွေပဒေသာပင်များကို မပျောက်ပျက်စေရန်နှင့် ရေရှည်တည်တန့််စေ
ရန်အလို့ငှါ အောက်ပါပုဂ္ဂိုလ်များဖြင့် အသင်း၏ငွေပဒေသာပင်ထိန်းသိမ်းစောင့်ရှောက်ရေးကော်မီတီ-ဟူ၍ ဖွဲ့စည်းလိုက်
ပါသည်။

KDA Fun Committee 2014 by Saw Linux

Redesigned by Sawlinux.