at .com  at .com

Saturday, August 2, 2014

ကိုးတိုင်း ၉-ဌာန သာသနာပြုစေလွှတ်ခန်း


သာသနာတော် (၂၃၅)ခုနှစ်၊ တတိယသံဃာယနာ တင်ပြီးချိန်တိုင်းပြည်အရပ်ရပ်တို့သို့ ဗုဒ္ဓသာသနာတော်ပြန့်ပွားစေရန်ရည်ညွှန်း၍
အာသောကမင်းတရားကြီးနှင့် အရှင် မဟာမောဂ္ဂလိပုတ္တတိဿ မထေရ်မြတ်တို့က ၉-တိုင်း ၉-ဌာန ပြည်နယ်တို့သို့ ဥပသမ္ပဒကံ
ဆောင်နိုင်စေရန်ခေါင်းဆောင်တစ်ပါးနှင့် ငါးပါးစီကို စေလွှတ်ကြွချီတော် မူကြသည်။

ပါရာဇိက၊ ဋ္ဌ၊ ပ၊ အုပ်၊နှင့် အခြားတရုတ်မှတ်စု၊ အင်္ဂလိပ်မှတ်တမ်းအမျိုးမျိုးတို့နှင့် ညှိနှိုင်းလျက် သာသနာတော် (၂၃၅)ခုနှစ်၊တတိယ
သံဃာယနာ တင်ပြီးချိန်တိုင်းပြည်အရပ်ရပ်တို့သို့ ဗုဒ္ဓသာသနာတော်ပြန့်ပွားစေရန်ရည်ညွှန်း၍ ထိုနှစ် တပို့တွဲလအတွင်း၌ပင်
အသောကမင်းတရားကြီးနှင့် အရှင် မဟာမောဂ္ဂလိပုတ္တတိဿ မထေရ်မြတ်တို့က ၉-တိုင်း ၉-ဌာန ပြည်နယ်တို့သို့ဥပသမ္ပဒကံ
ဆောင်နိုင်စေရန်ခေါင်းဆောင်တစ်ပါးနှင့် ငါးပါးစီကို စေလွှတ်ကြွချီတော်မူကြသည်။

(၁) ကသ္မီရ- ဂန္ဓာရတိုင်း

ဟိမဝန္တာ၏ အနောက်မြောက်ဘက် ပန်ချပ်နယ်၏အရှေ့မြောက်ဘက် စွန်းနှင့် စပ်လျက်ရှိသော ကသ္မီရတိုင်း၊ယင်း၏အနောက်ဘက်
သိန္ဓုမြစ်ခြားလျက်ရှိသော ဂန္ဓာရတိုင်း၊ ၂-တိုင်းပေါင်းလျက် အာဖဂန်နစ္စတန်ပါဝင်သည့် ဌာနများသို့ အရှင်မဇ္ဈန္တိကထေရ်မြတ်ခေါင်း
ဆောင်သောအဖွဲ့ဝင် သံဃာတော် ၄-ပါး၊ အာသီဝိသောပမသုတ္တန်ဟောကြားကာ သာသနာပြုတော်မူကြသည်။

(၂) မဟိံသကတိုင်း

အိန္ဒိယပြည်တောင်ပိုင်းရှိ မိုက်ဆိုနယ်၊ ယင်းနယ်၏မြောက်ပိုင်းရှိ'ချီတယ်ရ်'စီရင်စု ဌာနတို့သို့ မဟာဒေဝထေရ်ဦးဆောင်၍ အဖွဲ့ဝင်
သံဃာတော် ၄-ပါး၊ ဒေဝဒူတသုတ္တန်ကို ဟောကြားလျက် သာသနာပြုတော်မူကြသည်။

(၃) နဝါဒါသီတိုင်း

ဘုံဘေမြို့နယ်၏ တောင်ဘက်ပိုင်း ကာဏာရာနယ်၊ဟိုက်ဒရဗတ်နယ်၊ အရှေ့ဘက်ပိုင်းပြည်နယ်တို့သို့ အရှင်ရက္ခိတမထေရ်ခေါင်း
ဆောင်သောအဖွဲ့ဝင်သံဃာ၎-ပါးတို့ အနမတဂ္ဂသုတ္တန် ကြား၍ သာသနာပြုတော်မူကြသည်။

(၄) မဟာရဋ္ဌတိုင်း

ဘုံဘေနယ် အလယ်ပိုင်း ပူနားမြို့စသော နယ်များသို့အရှင်မဟာဓမ္မရက္ခိတမထေရ်ခေါင်းဆောင်၍ အဖွဲ့ဝင်သံဃာ ၄-ပါး ကြွတော်
မူကာ မဟာနာရဒကဿပဇာတ်တော်ကို ဟောကြားတော်မူကာ သာသနာပြုတော်မူကြသည်။

(၅) အပရ န္တတိုင်း

မလဝါနယ် အနောက်တောင်ဘက် နရဗဒ္ဓခေါ် နမ္မဒါမြစ်သစ္စဗန္ဓတောင် သုပ္ပရကသင်္ဘောဆိပ် ဝါဏိဇ္ဇဂါမ စသည်တို့သို့ အရှင်ဓမ္မရက္ခိ
တ မထေရ်ခေါင်းဆောင်သော သံဃာတော် ၄-ပါးတို့ ကြွတော်မူကာ သဂ္ဂိခန္ဓောပမ သုတ္တန်ကိုဟောကြားတော်မူ၍ သာသနာပြုတော်
မူကြသည်။

(၆) ယောနကတိုင်း

အိန္ဒိယပြည်၏ အပြင်ဘက် ပါရှား တူရကီ ဂရိတ်အီတလီတို့တည်ရှိရာ ယင်း၏ရှေးဟောင်းအမည်မှာ သာကလတိုင်း- သာကလမြို့ဖြစ်
၏။မိလိန္ဒမင်းကြီးနှင့် ရှင်နာဂသိန်မထေရ်မြတ်တို့ မေးဖြေရာဌာနသို့ အရှင်မဟာရက္ခိတ မထေရ်ခေါင်းဆောင်ကာ အဖွဲ့ဝင် ၄-ပါးတို့
ကြွတော်မူလျက် ကာဠကာရာမသုတ္တန်ကို ဟောပြောကာသာသနာပြုတော်မူကြသည်။

(၇) စိနရဋ္ဌ (ချိန) ခေါ် စိန့်တိုင်း ၅-ရပ်

ဟိမဝန္တာ၏ အရှေ့ဘက်အရပ်နှင့်မြောက်ဘက်အရပ်ရှိ (၁) ခိုတန်၊ (၂) ဘူတန်၊ (၃) ယရကန်၊ (၄) တိဘက်၊ (၅) တရုတ်ပြည်တို့
သို့အရှင်မဇ္ဈိမထေရ်ခေါင်းဆောင်လျက် အဖွဲ့ဝင် ၄-ပါးတို့ ကြွချီတော်မူကြကာ ဓမ္မစက္ကပဝတ္တနသုတ္တန်ကို ဟောတော်မူ၍
သိမ်းသွင်းကာ သာသနာပြုတော်မူကြသည်။

(၈) သုဝဏ္ဏဘူမိ တိုင်း

စိန့်တိုင်းကြီး၏ တောင်ဘက် ရှမ်း၊ မြန်မာ၊ မွန်၊ ကရင်၊ကချင်၊ ကယား၊ ယွန်း ယိုးဓယား၊ ကမ္ဘောဒီးယား၊ လားအို စသော လူမျိုးတို့
နေထိုင်ရာသို့အရှင်သောဏထေရ်နှင့်အရှင်ဥတ္တရထေရ် ၂-ပါးတို့ ဦးဆောင်ကာ အဖွဲ့ဝင်သံဃာ ၃-ပါးနှင့်ပေါင်း ၅-ပါးတို့
ကြွရောက်ကာဗြဟ္မဇာလသုတ္တန်ကို ဟောကြားတော်မူလျက် မြတ်ဗုဒ္ဓသာသနာတော်အတွင်းသို့ သိမ်းသွင်းတော်မူကြသည်။
မှတ်ချက်။ ။ မြန်မာတို့က မွန်းတိုင်းပြည်နယ်သထုံမြို့ကို သုဝဏ္ဏဘူမိဟု ယူဆကြသည်။ အိန္ဒိယကျောက်စာဌာနကမူ စုမတြာ
ကျွန်းကိုသူဝဏ္ဏဘူမိဟု ရေးထိုးကြသည်။

(၉) တမ္ဗဒီပ ခေါ် သီဟိုဠ်ကျွန်း

ယခုအခါ သရီလံကာ ဟူ၏။ ဒေဝါနံ ပီယတိဿမင်းကြီးလက်ထက်အခါ သာသနာတော် ၂၃၆-ခုနှစ်၊ နယုန်လပြည့်နေ့တွင်
အရှင်မဟာမဟိန္ဒထေရ်ဦးဆောင်၍အရှင်ဣဋ္ဋိယထေရ်၊ အရှင်ဥတ္တိယထေရ်၊ အရှင်ဘဒ္ဒသာလထေရ်၊ အရှင်သမ္ဗလထေရ်မြတ်
၅-ပါးတို့ ဦးဆောင်ကာ အဖွဲ့ဝင် ၁၃-ပါးနှင့် အရှင်မဟိန္ဒ၏တူတော် သုမနသာမဏေ၊ ပဏ္ဍုကခေါ် လူဥပါသကာတို့ သွားရောက်ကြ
ကာ စူဠဟတ္ထိပဒေါပမသုတ္တန်ကိုဟောကြား၍ ဗုဒ္ဓသာသနာတော်မြတ်ကြီး အရှည် တည်တံ့အောင် တည်တံ့တိုးပွားအောင်
သာသနာပြုတော်မူသွားကြလေသည်။

စုစည်းတင်ပြသူ = မာန်နဲာမေဓာ

No comments:

Redesigned by Sawlinux.