at .com  at .com

Friday, April 11, 2014

သီရိလင်္ကာနိုင်ငံသို့ ကျောင်းသွားတက်မည့် မြန်မာနိုင်ငံက ရဟန်းတော်များသိထားရမည့်အချက်အလက်


သီရိလင်္ကာနိုင်ငံသို့ ကျောင်းသွားတက်မည့် မြန်မာနိုင်ငံက ရဟန်းတော်များသိထားရမည့်အချက်အလက်အချို့
ကိုတင်ပြချင်ပါသည်။ အရင်က သီရိလင်္ကာနိုင်ငံသို့ ကျောင်းသွားတက်မည့် မြန်မာနိုင်ငံက ရဟန်းတော်များအ
နေဖြင့် Tourist Visa လျှောက်ပြီး ဟိုရောက်မှ Student Visa or Religion Visa လျှောက်ရပါသည်။ ဒီ ၂၀၁၄
ကစပြီး အဲဒီအခွင့်အရေးကို မရတော့ပါ။ သူတို့ရဲ့ Procedure -လုပ်ထုံးလုပ်နည်းတွေကို ပြောင်းလဲလိုက်ပါပြီ။

အခုဆိုရင် ၂၀၁၄ ကစပြီး သီရိလင်္ကာနိုင်ငံသို့ ကျောင်းသွားတက်မည့် မြန်မာနိုင်ငံက ရဟန်းတော်များအနေ
နဲ့ မိမိနိုင်ငံမှာပဲ သီရိလင်္ကာသံရုံးမှာ Student Visa ကို တစ်ခါတည်းလျှောက်ရပါမယ်။ အဲဒီ Student Visa
ရှိမှ၊ ရမှသာလျှင် သီရိလင်္ကာနိုင်ငံ တက္ကသိုလ်တစ်ခုခုမှာ ကျောင်းတက်နိုင်မှာဖြစ်ပါသည်။ Student Visa
လျှောက်ဖို့ရန် အောက်ပါအချက်အလက်များကို လိုအပ်မှာဖြစ်ပါသည်။

၁။ Original Certificate မူရင်း ဘွဲ့လက်မှတ်
၂။ It's Notary ၎င်းဘွဲ့လက်မှတ်ရဲ့ ဘာသာပြန်နိုထရီ
၃။ Grade's list အမှတ်စာရင်း (မူးရင်းမြန်မာ၊ အင်္ဂလိပ်ဘာသာပြန်)
၎။ Passport Copy ပတ်စ်ပို့မိတ္တူ

အထက်ပါအချက်အလက်တွေကို စုဆောင်းပြီးလျှင် သီရိလင်္ကာနိုင်ငံမှာရှိတဲ့ မိမိသူငယ်ချင်းတစ်ပါးပါးထံ
ဆက်သွယ်ပို့ပေးရမှာဖြစ်ပါသည်။ ၎င်းသူငယ်ချင်းက အထက်ကအချက်အလက်များကိုယူဆောင်ပြီး
သီရိလင်္ကာနိုင်ငံ Higher Education Office နဲ့ Emigration Office မှာ သွားရောက်တင်ပြရမှာဖြစ်ပါသည်။
၎င်းတို့က အဲဒီအချက်အလက်ပေါ်မှာ လက်မှတ်ထိုးပေးပြီးရမည်ဖြစ်ပါသည်။ ၎င်းအချက်အလက်များပြည့်စုံ
ပြီးဆိုလျှင် မြန်မာနိုင်ငံမှာကျောင်းတက်မည့်ရဟန်းတော်များထံ ပြန်ပို့ပေးပြီး အဲဒီစာရွက်စာတန်းနဲ့ မြန်မာ
နိုင်ငံ၊ သီရိလင်္ကာသံရုံးတွင် Student Visa လျှောက်ရမည်ဖြစ်သည်။

Student Visa ရရှိပြီးသော ပုဂိုလ်မှ သီရိလင်္ကာနိုင်ငံ၊ တက္ကသိုလ်တစ်ခုခုမှာ အလွယ်တကူကျောင်းတက်
နိုင်မည်ဖြစ်ကြောင်း အသိပေးခြင်းဝေမျှခြင်းဖြစ်ပါသည်။

ဇွဲကပင်ပညာဒါနအသင်း

အသေးစိတ်သိလိုလျှင် အောက်ဖိုင်ကိုရယူပြီး ဖတ်ပါ...

No comments:

Redesigned by Sawlinux.