at .com  at .com

Friday, April 11, 2014

ခွယ်ကဘောင်ပညာဥယျာဉ်ကျောင်း (ဘားအံ) စုပေါင်းမဟာကထိန်

ခွယ်ကဘောင်ပညာဥယျာဉ်ကျောင်း (ဘားအံ) စုပေါင်းမဟာကထိန်အလှူပွဲကို ကရင်ပြည်နယ်၊ ဘားအံမြို့၊
အမှတ်(၉) ရပ်ကွက်၊ ခွယ်ကဘောင်ပပညာဥယျာဉ်ကျောင်း၌ (၁၅-၁၁-၂၀၁၃) စနေနေ့တွင် ကျင်းပပြု
လုပ်ခဲ့ပါသည်။ ထိုအလှူပွဲ၌ ၂၀၀၈-ခုနှစ်တွင် ဇွဲကပင်(ခွယ်ကဘောင်)ပညာဒါနအသင်း၏ စတင်တည်
ဆောက်ခဲ့သော "ခွယ်ကဘောင်ပညာဥယျာဉ်ကျောင်း"အတွင်း တည်ဆောက်ပြီးစီးသောအုဌ်တံတိုင်း၊
သိမ်ကျောင်းဆောင်၊ သုံးထပ်ကျောင်းဆောင်တို့ပါ ရေစက်သွန်းချအမျှပေးဝေအလှူဒါနပြုခဲ့ကြပါသည်။

၎င်းဘားအံတွင် တည်ဆောက်ခဲ့သော "ခွယ်ကဘောင်ပညာဥယျာဉ်ကျောင်း" သည် ဘုန်းတော်ကြီး
ပညာရေးနှင့်လောကီပညာရေး ( English Speaking, Computer Course, ကရင်စာပေ၊ ယဉ်ကျေး
မှုသင်တန်းများ) ပေါင်းစပ်ပြီး သင်ကြားပို့ချနိုင်ရန် ရေရှည်ရည်မှန်း၍ တည်ဆောက်ခဲ့ခြင်းဖြစ်ပါသည်။
အခုဆိုလျှင် ကျောင်းဆောင်နေရာအသင့်အတင့်ရှိလာပြီးဖြစ်၍ အထက်ပါသင်တန်းများကို နွေရာ
သီပိုင်းမှာလိုအပ်သလို တာဝန်ခံဆရာတော်နဲ့တိုင်ပင်ကာ ဖွင့်လှစ်နိုင်တော့မည်ဖြစ်သည်။ ကျန်တဲ့
ပညာရေးသင်ထောက်ကူပစ္စည်းများအတွက် လိုအပ်မှုများစွားရှိအုန်းမှာပါ။

ဒါကြောင့် ထိုကျောင်းဖြစ်မြောက်ရေးအတွက် ပါဝင်လှူဒါန်းထောက်ပံ့ကူညီပေးခဲ့သောအလှူရှင်များ
မှာ အများစုထိုင်းနိုင်ငံတွင် လာရောက်အလုပ် လုပ်ကိုင်ကြတဲ့ ကရင်ပြည်နယ်အနယ်အနယ်အရပ်ရပ်မှ
ကရင်လူမျိုးတွေပဲဖြစ်ပါသည်။ နည်းများမဆို ပါဝင်လှူဒါန်းခဲ့ကြတဲ့ အလှူရှင်များအားလုံး ဒီရေစက်ချ
အလှူပွဲမှာ ထပ်တူထပ်မျှဝမ်းမြောက်ကုသိုလ်ရကြပါစေလို့ အသိပေးရေးသားလိုက်ပါသည်။

ခွယ်ကဘောင်ပညာဥယျာဉ်ကျောင်း (ဘားအံ) စုပေါင်းမဟာကထိန်အလှူပွဲ ဓာတ်ပုံ

သိမ်ကျောင်းမတည်အလှူရှင်

သိမ်ကျောင်းဆောင်

သုံးထပ်ကျောင်းဆောင်

No comments:

Redesigned by Sawlinux.