at .com  at .com

Sunday, February 19, 2012

ခွယ်ကဘောင်ပညာဥယျာဉ်ကျောင်း သိမ်သမုတ်ပွဲကျင်းပပြီးစီး

ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင်ကုန်း၊ အမှတ် (၉)ရပ်ကွက်မှာရှိသော ခွယ်ကဘောင်ပညာဥယျာဉ်ကျောင်း (ခွဲကဘောင်ပညာ့ဖေါ့ကလိုဘယာ)အတွက် သိမ်ကျောင်းဆောင်ဖြစ်မြောက်ရေး သိမ်သမုတ်ပွဲကို ၁၃၇၃ ခုနှစ်၊ တပို့တွဲလပြည့်ကျော် (၈)ရက် (၁၅-၂-၂၀၁၂) ဗုဒ္ဓဟူးနေ့တွင် သိမ်သမုတ်ပွဲကိုအောင်မြင်စွာကျင်းပနိုင်ခဲ့ပါသည်။
၎င်းသိမ်သမုတ်ပွဲအစီအစဉ်မှာ ၁၃၇၃ ခုနှစ်၊ တပို့တွဲလပြည့်ကျော် (၈)ရက် (၁၅-၂-၂၀၁၂)တနင်္ဂနွေနေ့တွင် ဘားအံမြို့ရှိကျောင်းတိုက်သံဃာတော်များနှင့် အမှတ် (၉)ရပ်ကွက်အတွင်းရှိ သံဃာတော်များစုစုပေါင်း သံဃာပါးရေ (၁၄၀) ကျော်ဖြင့် ညနေ (၅:၃၀) အချိန်တွင် ကမ္မ၀ါစာနဲ့နည်းစုံလင်စွာဖြင့် သိမ်နုတ်ခဲ့ကြပါသည်။

ည (၁၁: ၃၀)အချိန်တွင် ဘားအံမြို့ပေါ်ရှိ ဇွဲကပင်တောင်ဆရာတော်၊ ဇမ္ဗူမြိုင်ကျောင်းဆရာတော်အပါအ၀င် ဆရာတော်ကြီးများကြွရောက်ကာ သိမ်သမုတ်ပွဲကို စတင်ခဲ့ကြပါသည်။ ၎င်းသိမ်သမုတ်ပွဲမှာ …
(၁) ဦးစွာ မြတ်ဗုဒ္ဓရဲ့နှုတ်ကပတ်မှမြွက်ကြားအပ်သော ပရိတ်ကြီး (၁၁) သုတ်ကိုရွတ်ဖတ်ခြင်း
(၂) ထိုနောက် သိမ်နိမိတ်ကြားခြင်း
(၃) ထိုနောက် ဆရာတော်ကြီး (၉)ပါးမှာ သုံးပါးတစ်တွဲဖြင့် ကမ္မ၀ါစာရွတ်ဖတ်ခြင်း ….အဆုံး (၁၂: ၂၀) အချိန် တွင် ခွယ်ကဘောင်ပညာဥယျာဉ်ကျောင်းဝင်းရှိ သိမ်ဆောင်ကို ”ပညာရံသီ” အမည်ဖြင့် အောင်မြင်စွာသိမ်သမုတ် နိုင်ခဲ့ကြပါသည်။

ဒါကြောင့် ထိုသိမ်နုတ်၊ သိမ်သမုတ်ပွဲကို ကိုယ်တိုင်ကိုယ်ကျမကြည်ညိုရသော ”ဇွဲကပင်ပညာဒါနအသင်း” ရဲ့ အသင်းသူ၊ အသင်းသားများနှင့် ”ဇွဲကပင်ပညာဒါနအသင်း”ကို မိမိစွမ်းအားရှိသလောက်ပါဝင်လှူဒါန်းကူညီပေး ခဲ့ကြသော စေတနာရှင်သူတော်စင်များအားလုံး ၀မ်းမြောက်နုမော်သာဓုခေါ်နိုင်စေရန် သတင်းကောင်းပါးလိုက် ရပါသည်။

ခွယ်ကဘောင်ပညာဥယျာဉ်ကျောင်း သိမ်သမုတ်ပွဲ မှတ်တမ်းဓာတ်ပုံများ

သိမ်နုတ်၊ သိမ်သမုတ်အတွက် မြေဇယားကွက်ပုံ


သံဃာတော်များ သိမ်နုတ်စဉ်


















သိမ်တည်ဆောက်ရန်အတွက် အုဌ်မြစ်ချပုံ

အုဌ်မြစ်ချပြီး စုပေါင်းအမှတ်တရဓာတ်ပုံ

မှတ်တမ်း = နဲာမေဓာနန္ဒ

No comments:

Redesigned by Sawlinux.