ထိုနောက် အခမ်းအနားမှူးဆရာတော်က အစည်းအဝေးရဲ့အစီအစဉ်အရ အသင်းရဲ့ရှေ့လုပ်
ငန်းစဉ်(၉)ချက်ကို ဖတ်ကြားတော်မူပြီး တက်ရောက်လာသောဆရာတော်သံဃာတော်များနဲ့ အမှုဆောင်ကော်မီတီဝင် ဒကာ၊ဒကာမများက ရှေ့လုပ်ငန်းစဉ်များကို ညှိနှိုင်းတိုင်ပင်ပြီး အတည်ပြုဆုံး
ဆုံးဖြတ်တော်မူကြပါတယ်။
(ရှေ့ဆက်လုပ်ငန်းစဉ်များကို ဆွေးနွေးအကြံပြုပေးသော အရှင်ဣန္ဒာစာရ M.A Sri Lank, Ph.D Thesis India)
ယခုညှိနှိုင်းအစည်းအဝေးမှာ တိုင်ပင်ညှိနှိုင်းဆုံးဖြတ်ချက်ချခဲ့တဲ့လုပ်ငန်းစဉ်တွေကတော့-
(၁) လစ်လပ်သွားသောဗဟိုအလုပ်အမှုဆောင်ကော်မီတီဝင် ဒု-ဥက္ကဋ္ဌဆရာတော်အစားထိုးရွေးချယ်
ခြင်း။
(၂) လစ်လပ်သွားသော ဘဏ္ဍာငွေရှာဖွေရေးကော်မီတီရဲ့ ဒု-စည်းရုံးရေးမှုးနေရာရွေးချယ်အစားထိုး
ခြင်း။
(၃) ပြန်မရသေးသည့်ရန်ပုံအချို့ ပြန်လည်ရရှိရန် မည်ကဲ့သို့လုပ်ကိုင်ဆောင်ရွက်ရမည်ကို ညှိနှိုင်းဆုံး
ခြင်း။
(၄) ခွဲကဘောင်ပညာဥယျာဉ်ကျောင်းသစ်အတွင်ဆောက်လုပ်လှူဒါန်းမည့် သိမ်နှင့်(၃)ထပ်ကျောင်း
ဆောင်သစ်ကြီးအတွက် ကျောင်းဖြစ်မြောက်ရေးသံဃာ့ကော်မီတီအဖွဲ့ဝင်သံဃာတော်များ ရွေး
ချယ်အတည်ပြုဆုံးဖြတ်ခြင်း။
(၅) ခွဲကဘောင်ပညာဥယျာဉ်ကျောင်း သိမ်သမုတ်ရန်နှင့်အုတ်မြစ်ချမည့်အချိန်ကာလကို အတည်ပြု
ဆုံးဖြတ်ခြင်း။
(၆) ၂၀၁၁ပညာသင်နှစ်အတွက်ပြည်ပပညာတော်သင်ကျောင်းသားခေါင်းဆောင်(မော်နီတာ)ရဟန်း
တော်များ ရွေးချယ်ရန်ဆုံးဖြတ်ခြင်း။
(၇) ဇွဲကပင်ပညာဒါနအသင်း၏ အဝေးရောက်နာယကဆရာတော်များအား အသင်း၏နှစ်ပတ်လည်
(၁၂-လပတ်) အစည်းအဝေးများတွင် ၀တ္ထုငွေများဆက်ကပ်လှူဒါန်းနုင်ရန် အတည်ဆုံးဖြတ်ခြင်း။
(၈) ဆရာတော်ဦးပုညအား အသင်း၏သြ၀ါဒါစရိယနာယကဆရာတော်အဖြစ်ဆက်လက်အသိအ
မှတ်ပြုရန်အတည်ပြုဆုံးဖြတ်ခြင်း။
(၉) အသင်းရဲ့စည်းမျဉ်းစည်းကမ်းအချို့ကို ပြင်ဆင်ဖြည့်စွက်ရန်အတွက်အတည်ပြုဆုံးဖြတ်ခြင်းတို့ပဲ
ဖြစ်ပါတယ်။
ယခုညှိနှိုင်းအစည်းအဝေးရဲ့ လုပ်ငန်းစဉ်အမှတ်(၉)အရ ပြင်ဆင်ဖြည့်စွက်ထားတဲ့ဇွဲကပင်ပညာ
ဒါနအသင်းရဲ့ စည်းမျဉ်းစည်းကမ်း(၂)ချက်ကတော့-
(က) သြ၀ါဒါစရိယနာယကဆရာတော်များ၊ ဗဟိုအလုပ်အမှုဆောင်ဆရာတော်များ၊ သတင်းနှင့်ပြန်
ကြားရေးအဖွဲ့ဝင်ရဟန်းတော်များ၊ ပြည်ပပညာတော်သင်ရဟန်းတော်များ၊ ဘဏ္ဍာငွေရှာဖွေရေး
နှင့်စည်းရုံးရေးကော်မီတီဝင်များ၊ အသင်းသူအသင်းသားများအားလုံးသည် ဇွဲကပင်ပညာဒါနအ
သင်း၏ အသင်းဝင်များအဖြစ် အလိုအလျောက်သတ်မှတ်ပြီးဖြစ်သည်။
(ခ) အသင်းဝင်မည်သူမဆို မိမိ၏ကိုယ်ကျိုးစီးပွားအတွက် အသင်း၏အမည်ကိုအလွဲသုံးစားပြုလျှင်
(အသင်း၏အမည်ကိုအသုံးပြု၍အလှူခံခြင်းစသည်)၊ သို့မဟုတ် အသင်းပျက်စီးရာပျက်စီးကြောင်း
နှင့် အသင်းဂုဏ်သိက္ခာကျဆင်းအောင်ပြုမူ၊ပြောလုပ်ဆောင်ပြုလျှင် အသင်းဝင်အဖြစ်မှ အလိုအ
လျောက်နုတ်ပယ်ပြီးသားဖြစ်သည်ဟု သတ်မှတ်သည်။
အထက်ပါ စည်းကမ်းချက်နှစ်ခုအထဲက အပိုဒ် (က) စည်းကမ်းကို အသင်း၏စည်းမျဉ်းအမှတ်
(၁) အဖြစ်သတ်မှတ်ပြီး၊ အပိုဒ်(ခ)စည်းကမ်းကို အသင်း၏စည်မျဉ်းစည်းကမ်းအမှတ် (၇)သတ်မှတ်
သည်။
အဲဒီနောက် သဘာပတိဆရာတော်က နိဂုံးချုပ်အမှာစကား မိန့်ကြားတော်မူပြီး ကြိုတင်ညှိနှိုင်း
အစည်းအဝေးကို “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုပြီး အခမ်းအနားကိုရုတ်သိမ်းလိုက်ကြောင်း
သိရှိရပါတယ်။
ဇွဲကပင်ပညာဒါနအသင်း
ဘန်ကောက်မြို့၊ ထိုင်းနိုင်ငံ။
ကရင်ဘလောဂါ
သတင်းစာမျက်မှာ
Subscribe to:
Post Comments (Atom)
-
ခြောက်လတစ်ကြိမ် ကျင်းပနေကျဇွဲကပင်ပညာဒါနအသင်း အစည်းအဝေးအလှူပွဲကို ထိုင်းနိုင်ငံ၊ ဖရတ်ဖဒဲမြို့၊ ၀တ်ကျာဒဲကျောင်းတိုက်တွင် (၈-၇-၂၀၁၂) ခု၊ တနင်္ဂေ...
-
(၆) ကြိမ်မြောက် ဇွဲကပင်ပညာဒါနအသင်းအဖွဲ့ခွဲ (ဟာယိုင်)အလှူပွဲကို (၂၄-၆-၂၀၁၂) တနင်္ဂနွေနေ့မှာ အောင်မြင်စွာ ကျင်းပခဲ့ပါသည်။ ဟာယိုင်မြို့သည် ထိုင်း...
-
အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကေသမုတ္တိ ဆိုသော နိဂုံးအရပ်သို့ ရောက်ခဲ့လေ၏ ။ ထိုအရပ်၌ ကာလာမ အမည်ရှိသော ပုဏ္ဏားတို့ နေကြလေ၏ ။ ကာလမ ပုဏ္ဏားတို့သည်...
-
သာသနာတော် (၂၃၅)ခုနှစ်၊ တတိယသံဃာယနာ တင်ပြီးချိန်တိုင်းပြည်အရပ်ရပ်တို့သို့ ဗုဒ္ဓသာသနာတော်ပြန့်ပွားစေရန်ရည်ညွှန်း၍ အာသောကမင်းတရားကြီးနှင့် အရှင...
-
ကရင်သက္ကရစ် ၂၇၅၁-ခုနှစ် ပြာသိုလ္ဆန်း (၁) ရက်နေ့တွင် ကျနော်တို့ကရင်တိုင်းရင်းသားထုတစ်ခုလုံးရဲ့နှစ်သစ် မင်္ဂလာအခါတော်နေ့ဖြစ်ပါသည်။ ကရင်နှစ်သစ်ကူးပ...
-
ကရင်နှင့်ကရင့်ရိုးရာဝတ်စားဆင်ယင်မှုများ ကရင်လူမျိုးများသည် မြန်မာနိုင်ငံတွင် လူဦးရေအားဖြင့် (၄) သန်းကျော်ရှိနေကြပြီး နေရာဒေသကြီး (၃) ခုတွင်ေ...
-
ဇွဲကပင် (ခွယ်ကဘောင်) ပညာဒါနအသင်း တည်ဆောက်ထားသော ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင်ကုန်း၊ ခွယ်ကဘောင် ပညာဥယျာဉ်ကျောင်း၏ Running Activities လက်...
-
မြန်မာခုနှစ် ၁၃၇၄-ခု အတာသင်္ကြန်နှစ်သစ်ကူးပွဲတော်ကို ထိုင်းနိုင်ငံ၊ ဘန်ကောက်တွင် လာရောက် အလုပ် လုပ်ကိုင်နေကြသော မြန်မာနိုင်ငံမှ ကရင်တိုင်းလူမ...
Popular Posts
Redesigned by Sawlinux.
No comments:
Post a Comment