ကရင်ဘလောဂါ
သတင်းစာမျက်မှာ
Friday, March 4, 2011
ဇွဲကပင်ပညာဒါနအသင်း၏ ရှေ့ဆက်လုပ်ငန်းစဉ်များ ညှိနှိုင်းအစည်းအဝေးတွင် သြ၀ါဒါစရိယဆရာတော်၏ သြ၀ါဒစကား
ဇွဲကပင်ပညာဒါနအသင်း၏ သြ၀ါဒါစရိယဆရာတော် က်ုဆာကျာ်ဘဒ္ဒန္တဇောတိက (ရန်ကုန်သာသနတက္က
သိုလ် -ဒုတိယပါမောက္ခချုပ်)
ဇွဲကပင်ပညာဒါနအသင်း၏ သြ၀ါဒါစရိယဆရာတော် က်ုဆာကျာ်ဘဒ္ဒန္တဇောတိက (ရန်ကုန်သာသနတက္က
သိုလ် -ဒုတိယပါမောက္ခချုပ်) အဖွင့်သြ၀ါဒစကားမြွက်ကြားတော်မူပါတယ်။ အဲဒီလိုသြ၀ါဒစကားမြွက်ကြားတော်မူရာမှာဆရာတော်က----
“အဖွဲ့အစည်းတစ်ခုရေရှည်ရပ်တည်နိုင်ဖို့အတွက်မရှိမ(ဖြစ်တဲ့လိုအပ်တဲ့စွမ်းအား(၄)မျိုးရှိတဲ့အကြောင်း
အဲဒီ(၄)မျိုးကတော့ ...
(၁) mind power-စိတ်စွမ်းအား
(၂) knowledge power-ပညာစွမ်းအား
(၃) Money power-ငွေအင်အားနဲ့
(၄) unity power-ညီညွတ်မှုစွမ်းအားတို့ဖြစ်ကြောင်း
ထိုစွမ်းအား(၄)မျိုးပည့်စုံညီညွတ်မှသာလျှင် အဖွဲ့အစည်းတစ်ခုရေရှည်ရပ်တည်သွားနိုင်မှာဖြစ်ကြောင်း၊ အဖွဲ့အစည်းတစ်ခုမှာပါဝင်ဆောင်ရွက်တဲ့သူတွေကလဲ အဖွဲ့အစည်းအပေါ်မှာလေးစားမြတ်နိုးတန်းဖိုး
ထားတဲ့စိတ်ရှိရမှာဖြစ်ကြောင်း၊ အဖွဲ့အစည်းအပေါ်မှာ ချစ်ခင်လေးစားတန်ဖိုးထားစိတ်မရှိရင် အဖွဲ့အ
စည်းရဲ့တိုးတက်ရာတိုးတက်ကြောင်းအလုပ်တွေကို အင်တိုက်အားတိုက်လုပ်ကိုင်ဆောင်ရွက်နိုင်မှာ
မဟုတ်တဲ့အတွက် အဖွဲ့အစည်းအပေါ်မှာ ချစ်ခင်လေးစား တန်ဖိုးထားတတ်တဲ့စိတ်ရှိဖို့လိုကြောင်း၊
အသင်းအဖွဲ့ဆိုတာ လူရယ်+အချိန်ရယ်+ငွေအင်အားရယ် အဲဒီသုံးမျိုးနဲ့ရင်းတည်ဆောက်ထားရတာ
မို့လို့ အသင်းအဖွဲ့အပေါ်မှာ လေးစားတန်ဖိုးတာတဲ့စိတ်ရှိရမှာဖြစ်ကြောင်း၊ အသင်းအဖွဲ့ရဲ့လုပ်ငန်းတာ
ဝန်တွေကိုလုပ်ကိုင်ဆောင်ရွက်တဲ့အခါမှာ အသင်းအဖွဲ့တစ်ခုရေရှည်ရပ်နိုင်ဖို့အအတွက် အရှည်ကို
မျှော်ကြည့်ပြီးလုပ်ကိုင်ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ အဲဒီလိုဆောင်ရွက်တဲ့အခါမှာ ပြောတဲ့အတိုင်း
လုပ်ပြီး၊လုပ်တဲ့အတိုင်းလည်းပြောရမှာဖြစ်ကြောင်း လက်တွေ့လုပ်ကိုင်ဆောင်ရွက်တာမလုပ်ဖဲနဲ့ အပြောသက်သက်သမားပဲဖြစ်နေမယ်ဆိုရင် အဖွဲ့အစည်းတစ်ခုအောင်မြင်မှာ မဟုတ်ကြောင်း၊ အသင်းနဲ့ပတ်သက်ပြီးတော့လဲပဲခြောက်လပတ်၊ဆယ့်နှစ်လပတ်အစည်းအဝေးကြီးများမတိုင်
ခင်မှာလဲပဲ ကြိုတင်ညှနှိုင်းစည်းဝေးတိုင်ပင်ခြင်း၊ ခြောက်လပတ်၊၁၂-လပတ်အစည်းအဝေးတွေ
ပြီးတဲ့အခါမှာလည်းပဲ ရှင်းတမ်းတေထုတ်ပြန်ပေးဖို့လိုအပ်ကြောင်း” စသည်ဖြင့်မိန့်ကြားတော်မ
ူပါတယ်။
Subscribe to:
Post Comments (Atom)
-
ခြောက်လတစ်ကြိမ် ကျင်းပနေကျဇွဲကပင်ပညာဒါနအသင်း အစည်းအဝေးအလှူပွဲကို ထိုင်းနိုင်ငံ၊ ဖရတ်ဖဒဲမြို့၊ ၀တ်ကျာဒဲကျောင်းတိုက်တွင် (၈-၇-၂၀၁၂) ခု၊ တနင်္ဂေ...
-
(၆) ကြိမ်မြောက် ဇွဲကပင်ပညာဒါနအသင်းအဖွဲ့ခွဲ (ဟာယိုင်)အလှူပွဲကို (၂၄-၆-၂၀၁၂) တနင်္ဂနွေနေ့မှာ အောင်မြင်စွာ ကျင်းပခဲ့ပါသည်။ ဟာယိုင်မြို့သည် ထိုင်း...
-
အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကေသမုတ္တိ ဆိုသော နိဂုံးအရပ်သို့ ရောက်ခဲ့လေ၏ ။ ထိုအရပ်၌ ကာလာမ အမည်ရှိသော ပုဏ္ဏားတို့ နေကြလေ၏ ။ ကာလမ ပုဏ္ဏားတို့သည်...
-
သာသနာတော် (၂၃၅)ခုနှစ်၊ တတိယသံဃာယနာ တင်ပြီးချိန်တိုင်းပြည်အရပ်ရပ်တို့သို့ ဗုဒ္ဓသာသနာတော်ပြန့်ပွားစေရန်ရည်ညွှန်း၍ အာသောကမင်းတရားကြီးနှင့် အရှင...
-
ကရင်သက္ကရစ် ၂၇၅၁-ခုနှစ် ပြာသိုလ္ဆန်း (၁) ရက်နေ့တွင် ကျနော်တို့ကရင်တိုင်းရင်းသားထုတစ်ခုလုံးရဲ့နှစ်သစ် မင်္ဂလာအခါတော်နေ့ဖြစ်ပါသည်။ ကရင်နှစ်သစ်ကူးပ...
-
ကရင်နှင့်ကရင့်ရိုးရာဝတ်စားဆင်ယင်မှုများ ကရင်လူမျိုးများသည် မြန်မာနိုင်ငံတွင် လူဦးရေအားဖြင့် (၄) သန်းကျော်ရှိနေကြပြီး နေရာဒေသကြီး (၃) ခုတွင်ေ...
-
ဇွဲကပင် (ခွယ်ကဘောင်) ပညာဒါနအသင်း တည်ဆောက်ထားသော ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင်ကုန်း၊ ခွယ်ကဘောင် ပညာဥယျာဉ်ကျောင်း၏ Running Activities လက်...
-
မြန်မာခုနှစ် ၁၃၇၄-ခု အတာသင်္ကြန်နှစ်သစ်ကူးပွဲတော်ကို ထိုင်းနိုင်ငံ၊ ဘန်ကောက်တွင် လာရောက် အလုပ် လုပ်ကိုင်နေကြသော မြန်မာနိုင်ငံမှ ကရင်တိုင်းလူမ...
Popular Posts
Redesigned by Sawlinux.
No comments:
Post a Comment