at .com  at .com

Monday, August 11, 2014

(5) ကြိမ်မြောက် ဇွဲကပင်ပညာဒါနအသင်း ကရင်လက်ချည်ပွဲမင်္ဂလာ


(5) ကြိမ်မြောက် ဇွဲကပင်ပညာဒါနအသင်း ကရင်လက်ချည်ပွဲကို ထိုင်းနိုင်ငံ၊ နွန်ထဘူရီ၊ ၀တ်နခေါင်အင်ကျောင်း (၁၀-၈-၂၀၁၄)
တနင်္ဂနွေနေ့တွင် စီရင်ကျင်းပခဲ့ပါသည်။
ကရင်တိုင်းရင်းသားများရဲ့အဓိကရိုးရာဓလေ့များတွင် တစ်ခုအပါအ၀င်ဖြစ်သော "ကရင်လက်ချည်ပွဲမင်္ဂလာ"ကို ၀ါခေါင်လရောက်
တိုင်းစီရင်ကျင်းပလေ့ရှိပါသည်။ ဒါကြောင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်နယ်အတွင်းမှာရှိကြသော ကရင်တိုင်းရင်းသားများစုပေါင်းကာ
"ကရင်လက်ချည်ပွဲမင်္ဂလာ" ကို ထိုင်းနိုင်ငံ၊ နွန်ထဘူရီ၊ ၀တ်နခေါင်အင်ကျောင်းတွင် ဇွဲကပင်ပညာဒါနအသင်းမှ ဦးစီးစီရင်ကျင်းပ
ခဲ့ပါသည်။

ထိုလက်ချည်ပွဲမင်္ဂလာကို ကြွရောက်လာကြသောသံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းကြပြီး တရားတော်နာ၊ ရေစက်
ချကာ တစ်ပါတည်း "ကရင်လက်ချည်ပွဲမင်္ဂလာ"ကို စီရင်ကျင်းပခဲ့ပါသည်။ "ကရင်လက်ချည်ပွဲမင်္ဂလာ" အကြောင်းကို ဇွဲုကပင်
ပညာဒါနအသင်း ပင်တိုင်ရံပုံငွေရှာဖွေရေးနာယက မာန်နဲာကုဝေရ (နွန်ထဘူရီ)က ပရိတ်သတ်များအားရှင်းလင်းဟောကြား
ခဲ့ပါသည်။
ထိုနောက် ဆက်လက်ပြီး "ကရင်လက်ချည်ပွဲမင်္ဂလာ"အခမ်းအနားကို ကရင့်ရိုးရာအစဉ်အလာအတိုင်းစီရင်ကျင်းပခဲ့ပါသည်။

(5) ကြိမ်မြောက် ဇွဲကပင်ပညာဒါနအသင်း ကရင်လက်ချည်ပွဲမင်္ဂလာပွဲဓာတ်ပုံ


No comments:

Redesigned by Sawlinux.