at .com  at .com

Friday, April 11, 2014

(၁၇) ကြိမ်မြောက် ဇွဲကပင်ပညာဒါနအသင်းအစည်းအဝေးအောင်မြင်စွာကျင်းပပြီးစီး


(၁၇) ကြိမ်မြောက် ဇွဲကပင်ပညာဒါနအသင်းအစည်းအဝေးပွဲကို (၇-၇-၂၀၁၃) တနင်္ဂနွေနေ့မှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်၊ နွန်ထဘူရီ၊ ၀တ်နခေါင်အင်ကျောင်းတွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါသည်။ ၎င်းအစည်းအ
ဝေပွဲမှာ ထိုင်းနိုင်ငံမှာရှိကြတဲ့ ကရင်တိုင်းရင်းသားလေးရာကျော်ဖြင့်ပါဝင်တက်ရောက်လှူဒါန်းခဲ့ကြပြီး ကြွ
ရောက်လာကြသောဆရာတော်၊ သံဃာတော်များအားဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။

နေ့လည် (၁၂း ၃၀)တွင် အစည်းအဝေးကိုစတင်ကျင်းပကာ အောက်ပါအခမ်းအနားအစီအစဉ်ဖြင့်ကျင်းပ
ပြုလုပ်ခဲ့ပါသည်....

၁။ နမော တဿ -၃- ကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခြင်း
၂။ မိဂဒါယ ဖေါ့မူယှာ့အဖွဲ့မှ - ပုဂ်ထင်းလ်ုဝါ်-ဖြင့် ရွတ်ဖတ်ပူဇော်ခြင်း
၃။ ဧည့်ပရိတ်သတ်များက  အဖွဲ့၏နာယကဆရာတော်ဘဒ္ဒန္တဇောတိက (ဒုတိယပါမောက္ခချုပ်)၊ သာသနာ့
တက္ကသိုလ်၊ ရန်ကုန်ထံမှ ငါးပါးသီလခံယူဆောက်တည်ပြီး ပရိတ်တရားတော်ကိုနားယူခြင်း
၎။ အဖွဲ့၏နာယကဆရာတော်ဘဒ္ဒန္တဇောတိက (ဒုတိယပါမောက္ခချုပ်၊ သာသနာ့တက္ကသိုလ်၊ ရန်ကုန်) က
ဧည့်ပရိတ်သတ်များကို သြ၀ါဒကထာဆုံးမစကားပြောကြားခြင်း
၅။ ဇွဲကပင်ပညာဒါနအသင်း၏ ဖြစ်ပေါ်လာခြင်းအကြောင်းရင်းကို နဲာမေဓာနန္ဒမှ ရှင်းလင်းတင်ပြခြင်း
၆။ ပထမ-၆-လပတ်အတွင်း အသင်း၏၀င်ငွေ၊ ထွက်ငွေစာရင်းများကို အသင်း၏ဘဏ္ဍာရေးမှူး ဆရာတော်
ဦးကုဝေရမှ ရှင်းလင်းပြောကြားခြင်း
၇။ အဖွဲ့၏နာယကဆရာတော်ဘဒ္ဒန္တဇောတိက (ဒုတိယပါမောက္ခချုပ်၊ သာသနာ့တက္ကသိုလ်၊ ရန်ကုန်)က
ဧည့်ပရိသတ်အပေါင်းတို့အား တရားဓမ္မဟောကြားခြင်းနှင့် လှူဒါန်းဖွယ်ရာများဆက်ကပ်လှူဒါန်းပြီး ရေစက်
သွန်းချအမျှပေးဝေခြင်း
၈။ မိဂဒါယဖေါ့မူ.ယှာ့အဖွဲ့မှ အောင်ပြီကဗျာဖြင့် ရွတ်ဆိုပူဇော်ခြင်း
၉။ ဗုဒ်ဓ သာသနံ စိရံ တိဋ္ဌတု - ၃- ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခြင်း

အထက်ပါအခမ်းအနားအစီအစဉ်ဖြင့်  (၁၇) ကြိမ်မြောက် ဇွဲကပင်ပညာဒါနအသင်းအစည်း အဝေးကို
အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားကျင်းပရာဓာတ်ပုံမှတ်တမ်းများ....
 

No comments:

Redesigned by Sawlinux.