at .com  at .com

Friday, April 11, 2014

(၁၆) ကြိမ်မြောက် ဇွဲကပင်ပညာဒါနအသင်း အစည်းအဝေးကျင်းပပြီးစီး

(၁၆) ကြိမ်မြောက် ဇွဲကပင်ပညာဒါနအသင်းအစည်းအဝေးပွဲကို ထိုင်းနိုင်ငံ၊ ဘန်ကောက် (နွန်ထဘူရီ)၊ ၀တ်နခွန် အင်ကျောင်း၊ အင်္ဂါနေ့ (၁-၁-၂၀၁၃)တွင် အောင်မြင်စွာကျင်းပခဲ့ပါသည်။ ထိုအလှူပွဲကို ဘန်ကောက်မြို့မှာရှိကြတဲ့ ဇွဲကပင်ပညာဒါနအသင်းအလှူရှင်များနှင့် ဧည့်ပရိတ်သတ်အပေါင်းလေးရာကျော်ဖြင့် လာရောက်လှူဒါန်းခဲ့ကြပါ သည်။
 
 အစည်းအဝေးပွဲကိုအောက်ပါအစီအစဉ်ဖြင့် စီရင်ကျင်းပခဲ့ပါသည်....

 ပထမအစီအစဉ်မှာ ၁၀.၃၀ တွင် ၀တ်နခွန်အင်ကျောင်းဆရာတော်ထံမှ ထိုင်းဘာသာဖြင့် ငါ့းပါးသီလခံယူဆောက် တည်ကြပါသည်။ ထိုနောက် သံဃာတော်များအားဆွမ်းဆက်ကပ်ပြီး တစ်ဆက်တည်းမှာပဲ ထိုင်းဘာသာဖြင့် ရေ စက်သွန်းချအမျှပေးဝေခဲ့ကြသည်။

 ဒုတိယအစီအစဉ်မှာ...၁၂.၃၀ တွင် (၁၆) ကြိမ်မြောက် ဇွဲကပင်ပညာဒါနအသင်းရဲ့ ဒုတိယခြောက်လတ်ပတ်အ စည်းအဝေးပွဲကို စတင်ကျင်းပခဲ့ပါသည်။

အခမ်းအနားအစီအစဉ် (၁) နမော တဿ (၃) ကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခြင်း
 ၂။ မိဂဒါယဖ၀့်မူယှာ့ကုံလွဲာမှ -ပုဂ်ထင်း-ကဗျာဖြင့် ရွတ်ဖတ်ပူဇော်ခြင်း
၃။ ဧည့်ပရိတ်သတ်အပေါင်းတို့က က်ုဆာ.ကျာ်ဦးကုဝေရထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း။ တစ်ဆက် တည်းမှာပဲ သံဃာတော်များက ပရိတ်တရားတော်ကို ရွတ်ဖတ်ခြင်း။
၎။ နာယကဆရာတော် ဦးကုမာရ (ကမ်ချနဘူရီ-လိုင့်ပါးကျောင်း)ကိုယ်စား မာန်နဲသောဘိတ (လောင်းကိုင်) မှ သြ၀ါဒကထာချီးမြင့်ခြင်း။
၅။ ဇွဲကပင်ပညာဒနအသင်းရဲ့ လုပ်ငန်းဆောင်တာနှင့် စတင်ဖြစ်ပေါ်လာပုံကို မာန်နဲာမေဓာနန္ဒမှ ရှင်းလင်းတင် ပြခြင်း။
၆။ ဇွဲကပင်ပညာဒါနအသင်းရဲ့ (၁၆)ကြိမ်မြောက် ဒုတိယခြောက်လပတ်အတွက် ၀င်ငွေ၊ ထွက်ငွေစာရင်းကို ဘဏ္ဍာရေးမှူး က်ုဆာကျာ်ကုဝေရ (နွန်ထဘူရီ) ရှင်းလင်းတင်ပြခြင်း။
၇။ သံဃာတော်များအား လှူဖွယ်ပစ္စည်းများကိုဆက်ကပ်လှူဒါန်းခြင်းနှင့် ရေစက်သွန်းချအမျှပေးဝေခြင်း ၈။မိဂဒါယဖ၀့်မူယှာ့ကုံလွဲာမှာ -အောင်ပြီ-ကဗျာဖြင့် ရွတ်ဖတ်ပူဇော်ခြင်း
၉။ ဗုဒ္ဒသာသနံစိရံတိဋ္ဌတု (၃) ကြိမ်ဖြင့် ရွတ်ဖတ်၍ အခမ်းအနားကိုရုပ်သိမ်းခြင်း

 (၁၆) ကြိမ်မြောက် ဇွဲကပင်ပညာဒါနအသင်းအစည်းအဝေးပွဲကိုအထက်ပါအစီအစဉ်များဖြင့် အောင်မြင်စွာ ကျင်းပ နိုင်ခဲ့ပါသည်။
 
၎င်းအလှူပွဲဖြစ်မြောက်ရေးအတွက် ဦးဆောင်လှူဒါန်းခဲ့ကြသောအလှူရှင်များမှာ.....
 ၁။ လဘက်ရေ (ချာရင်)အလှူရှင် = ဏင့်မခူးအဖွဲ့ (လှကဇိုင်း)
၂။ သစ်သီးအလှူရှင် = စောလယ်တောစိန်အဖွဲ့ (တလာထိုင်း)
၃။ သံဃာဆွမ်းနှင့်န၀ကမ္မအလှူရှင် = စောကျော်စိုးမင်း၊ နန်းတင်သန်းရီဆွေမျိုးအဖွဲ့ (ဥဒေါင်းရွာ) ၄။ ရေနှင့်အချိုရည်အလှူရှင် = မုကဒိနှင့်တ်ုမ၀်စိင်လူငယ်များအဖွဲ့
၅။ ဧည့်ပရိတ်သတ်အတွက်ထမင်း၊ ဟင်းအလှူရှင် = စောကျော်လေးနှင့်သူငယ်ချင်းစုပေါင်းအဖွဲ့
၆။ သံဃာတော်များအတွက် စာအိတ်အလှူရှင် = နန်းလီလီသိန်းဦးဆောင်တဲ့ ကော့သန်ခါန်အဖွဲ့ ၇။ ခေါက်စွဲကြော်အလှူရှင် = လောင်းကိုင်အဖွဲ့
၈။ တို့စရာအလှူရှင် = ဦးထွန်းသန်း၊ ဒေါ်နောင်း (နောင်နိုင်းရွာ).....တို့မှဖြစ်ကြပါသည်။

အစည်းအဝေးအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပါဝင်လှူဒါန်းခဲ့ကြသောအလှူရှင်၊ မများအားလုံးကိုယ်စိတ် နှစ်ဖြာကျမ္မာချမ်းသာပြီးလိုအင်ဆန္ဒပြည့်ဝပါစေလို့ ဇွဲကပင်ပညာဒါနအသင်းမှ နှစ်သစ်မင်္ဂလာနဲ့အတူဆန္ဒပြုလိုက် ပါသည်။ ဇွဲကပင်ပညာဒါနအသင်း

မှတ်တမ်းဓာတ်ပုံများ...





 


     

No comments:

Redesigned by Sawlinux.