at .com  at .com

Friday, April 11, 2014

ဇွဲကပင်ပညာဒါနအသင်း (ဘန်ကောက်) ကထိန်အလှူပွဲကျင်းပပြီးစီး

ဇွဲကပင်ပညာဒါနအသင်း (ဘန်ကောက်) စုပေါင်းမဟာဘုံကထိန်အလှူပွဲကို ထိုင်းနိုင်ငံ၊ နွန်ထဘူရီ၊ ၀တ်နခေါင်အင်
ကျောင်းတွင် (၁၀-၁၁-၂၀၁၃) တနင်္ဂနွေနေ့ မြန်မာနိုင်ငံအနယ်နယ်အရပ်ရပ်မှ ထိုင်းနိုင်ငံသို့ရောက်ရှိလာကြသော
အလှူရှင်၊ အလှူမများငါးရာကျော်ဖြင့်လာရောက်လှူဒါန်းခဲ့ကြပါသည်။
အခမ်းအနားအစီအစဉ်မှာအောက်ပါအတိုင်းကျင်းပပြုလုပ်ခဲ့ပါသည်....

၁။ နံနက် (၁၁)နာရီအချိန်တွင် ကြွရောက်လာကြသောသံဃာတော်များအားဆွမ်းဆက်ကပ်လှူဒါန်းကြပြီး တစ်ဆက်
တည်းမှာပဲ နွန်ထဘူရီ၊ ၀တ်နခေါင်အင်ကျောင်းဆရာတော်နှင့်တကွ သံဃာတော် (၉)ပါးအား ထိုင်းဘာသာဖြင့် က
ထိန်သင်္ကန်းလှူဒါန်းပါသည်။

၂။ ထိုနောက် (၁၂) နာရီအချိန်တွင် မြန်မာအစီအစဉ်ဖြင့်ပြုလုပ်ခဲ့ကြပါသည်။ ရှေ့ဦးစွာဧည့်ပရိတ်သတ်အပေါင်းတို့
က ရန်ကုန်တိုင်း၊ မှော်ဘီမြို့၊ ဓမ္မမာမကမဟာစည်သာသနာ့ရိပ်သာကျောင်း ဆရာတော်ဘဒ္ဒန္တအိန္ဒကထံငါးပါးသီလ
ခံယူခြင်း၊ ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းခြင်း၊ တရားတော်နာယူခြင်း၊ ရေစက်သွန်းချအမျှပေးဝေခြင်း-စတဲ့အစီအ
စဉ်ဖြင့်ကျင်းပပြုလုပ်ခဲ့ပါသည်။


ဓမ္မမာမကမဟာစည်သာသနာ့ရိပ်သာကျောင်း ဆရာတော်ဘဒ္ဒန္တအိန္ဒက

အလှူပွဲမှာရရှိတဲ့ အလှူငွေအားလုံးကို (၁၆-၁၁-၂၀၁၃) တန်ဆောင်မုန်းလဆန်း (၁၄)ရက်နေ့ ကရင်ပြည်နယ်၊
ဘားအံမြို့၊ ခွယ်ကဘောင်ပညာဥယျာဉ်၏ကထိန်၊ သိမ်၊ သုံးထပ်ကျောင်းဆောင်အလှူပွဲအတွက် အသုံးပြုလှူ
ဒါန်းသွားမှာဖြစ်ပါသည်။

ဒီအလှူပွဲဖြစ်မြောက်ရေးအတွက် ပါဝင်လှူဒါန်းကြသောအလှူရှင်များ၊ ၀ိုင်းဝန်းကူညီကြတဲ့ပုဂိုလ်များအားလုံးကို
ဇွဲကပင်ပညာဒါနအသင်မှ အထူးကျေးဇူးတင်ရှိပါကြောင်း ဒီနေရာကနေအသိပေးပါသည်။

ကထိန်အလှူပွဲကျင်းပဓာတ်ပုံ

No comments:

Redesigned by Sawlinux.