at .com  at .com

Friday, April 11, 2014

ပြည်ပပညာတော်သင်ကရင်ရဟန်းတော်များ လက်ကမ်းစာရွက်ပုံ

ပြည်ပပညာတော်သင်ကရင်ရဟန်းတော်များရဲ့ ပန်းဖလက် လက်ကမ်းစာဆောင်ကို မိမိကရင်များအလွယ်
တကူရယူ နို်င်ရန်တင်ပေးလိုက်ခြင်းဖြစ်ပါတယ်။ ဒီလက်ကမ်းစာရွက်မှာ တစ်ချို့ဦးဇင်းများရဲ့ပုံများသည်
အကြောင်းအမျိုးမျိုး ကြောင့်မပါပါ။ ဘာပဲပြောပြောကျနော်ဇွဲကပင်ပညာဒါနအသင်းသည် မိမိလူမျိုးများ
အတွက် အဓိကလိုအပ်ချက်ဖြစ် သောပညာရေးနယ်ပယ်မှာတထောင့်တနေရာကနေမြင့်တင်ပေးခြင်းဖြစ်
ပါတယ်။

တစ်ချို့ကပြောသံတွေကြားနေရတယ်။ ဒီအဖွဲ့ဟာဘာသာရေးကိုသာလုပ်ဆောင်နေတာပါ။ ကျနော်ဆွေး
နွေးခဲ့ဖူးပါ တယ်။ ဘာသာရေးအလုပ်ဆိုတာ တရားထိုင်ခြင်း၊ စာပေကျမ်းဂန်လေ့လာခြင်းတို့ဖြစ်ပါတယ်။ အခုဒီအဖွဲ့လုပ်နေတာ က လူသားတို့ရဲ့လိုအပ်ချက်၊ အမျိုးသားများရဲ့လိုအပ်ချက်ဖြစ်တဲ့ ပညာရေးနဲ့ အမျိုးသားရေးအမြင်မြင့်တင်နိုင်ဖို့ နည်းမှန်လမ်းမှန် အမျိုးသားရေးအတွက်သယ်ပိုးနိုင်ဖို့ဆိုတာတွေကို လုပ်ဆောင်နေတာဖြစ်ပါတယ်။

 ဥပမာ ပွင့်ပွင့်လင်းလင်းပြောရရင် ဘာသာစကားလေ့လာတာ နည်းပညာပိုင်းလေ့လာတာတွေဟာ ဘာသာရေးအ တွက်တစ်ခုတည်းမဟုတ်ဖူးဆိုတာသိစေချင်တယ်။ ဒါဆိုဘာအတွက်လဲ အမျိုးသားရေး အတွက်ဖြစ်တယ်ဆိုတာ မြင်တတ်ဖို့လိုလိမ့်မယ်။ ကျနော်ဒီလိုပြောရခြင်းသည် ဒို့ကရင်များသည် အလုပ် တစ် ခုခုကိုလုပ်လိုက်ရင် ရေရှည် ဖြစ်မယ့်အကျိုးရှိမယ့်အလုပ်မျိုး နည်းမှန်လမ်းမှန်ဖြစ်စေမယ့်လုပ်ဆောင် မျိုးကို အင်မတန်တွေ့ရခဲပါတယ်။ မရှိတာ တော့မဟုတ်ပါဘူး။ ရှိပါတယ်။ နည်းတယ်။ ဖြစ်ချင်တာကိုပဲ ဦးစားပေးကြတာများတယ်။ ဖြစ်သင့်တာကိုတော့ သိပ်မဦးစားချင်ကြဘူး။ ဒါသည်ပင်လျှင်
 နောက်ကြခြင်းရဲ့ အကြောင်းတရားဖြစ်ပါတယ်။

ကိုယ့်ကိုအထင်ကြီးနေတာထက် ကိုယ့်ကိုဘာလိုအပ်သလဲ - သိဖို့ပဲလိုပါလိမ့်ပါမယ်။ ကမ္ဘာကြီးနဲ့ကိုမကြည့်ပါနဲ့ အုန်း ကိုယ့်တိုင်းရင်းသားအချင်းချင်းကိုပဲ အရင်ယှဉ်ကြည့်စေချင်တယ်။

အှ်ဆံင့်လာ.ဆာ်....

Karen Monks (Students) Overses ပြည်ပပညာတော်သင်ကရင်ရဟန်းတော်များ

No comments:

Redesigned by Sawlinux.