at .com  at .com

Friday, April 11, 2014

ဇွဲကပင်ပညာဒါနအသင်းဝါဆိုသင်္ကန်းကပ်လှူပွဲနှင့်ကရင်လက်ခြည်ပွဲကျင်းပပြီးစီး

ဇွဲကပင်ပညာဒါနအသင်းဝါဆိုသင်္ကန်းကပ်လှူပွဲနှင့်ကရင်လက်ခြည်ပွဲကို ထိုင်းနိုင်ငံ၊ ဘန်ကောက်၊ နွန်ထဘူ
ရီ၊ ၀တ်နခွန်အင်ကျောင်းတွင် (၁၁-၈-၂၀၁၃) တနင်္ဂနွေနေ့ကျင်းပပြုလုပ်ခဲ့ပါသည်။ ၀ါဆိုသင်္ကန်းကပ်လှူပွဲ
နှင့်ကရင်လက်ခြည်ပွဲကို ထိုင်းနိုင်ငံ၊ ဘန်ကောက်ဝန်းကျင်မှာနေကြတဲ့ကရင်လူမျိုးသုံးရာကျော်ဖြင့် တက်
ရောက်ကြပြီး ၀တ်နခွန်အင်ကျောင်းထိုင်းဆရာတော်ကိုးပါးနှင့် ထိုင်းမှာပြည်ပညာလာရောက်သင်ယူကြတဲ့
ကရင်ရဟန်းတော်ကိုးပါးတို့အား နေ့လည်ဆွမ်းဆက်ကပ်ပါသည်။
တစ်ဆက်တည်းမှာပဲ ရောက်ရှိလာတဲ့ဧည့်ပရိတ်သတ်တို့က ဆရာတော်များထံငါးပါးသီလ၊ ပရိတ်တရား၊ ၀ါဆိုသင်္ကန်းဖြစ်ပေါ်လာပုံနှင့်ကရင်လက်ခြည်ပွဲအကြောင်းသိကောင်းစရာတို့ကို နာယူကာ၊ရေစက်သွန်းချ
အမျှပေးပါသည်။ ထိုနောက် ကရင်ရိုးရာလက်ခြည်ပွဲမင်္ဂလာကို ဆက်လက်ကျင်းပပြီး ရောက်လာသော
ကရင်လူမျိုးများက တစ်ဦးနဲ့တစ်ဦးခြည်ဖြူဖြင့်လက်များခြည်ပေးခဲ့ကြပါသည်။
ရောက်လာကြတဲ့ဧည့်ပရိတ်သတ်အားလုံးကို ဇွဲကပင်ပညာဒါနအသင်းမှအထူးကျေးဇူးတင်ရှိပါကြောင်းကို
ဒီကနေအသိပေးအပ်ပါသည်။

မှတ်တမ်းဓာတ်ပုံများ

No comments:

Redesigned by Sawlinux.