at .com  at .com

Sunday, October 31, 2010

ခွဲါကွင်ပညာဥယာဉ်ကျောင်း (ဘားအံ) မဟာဘုံကထိန်ကျင်းပပြီးစီး

ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင်ကုန်း၊ ခွဲါကွင်ပညာဥယာဉ်ကျောင်းတွင် ၂၇-၁၀-၂၀၁၀ တနင်္ဂနွေနေ့ မထမကြိမ်မဟာဘုံကထိန်ပွဲတော်ပူဇော်ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် ဆ ရာတော်၊ သံဃာတော်များ
အား ဘားအံမြို့ပေါ်ရှိအလှူရှင်၊ အလှူမများနှင့် ကျေးနယ်အသီးသီးမှအလှူရှင်၊ အလှူမများတက်ရောက်
ပူဇော်လှူဒါန်းခဲ့ကြပါသည်။

ထိုနောက် အောက်ပါအခမ်းအနားအစီအစဉ်များဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်…

၁. ကြွရောက်လာသော ဆရာတော်၊ သံဃာတော်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿ (၃)
ကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခြင်း
၂။ ဧည့်ပရိတ်သတ်အပေါင်းတို့က အ္စာဖါဍောဟ်မာန်နဲာကျာ်ဥတ္တမာလင်္ကာရ (ခေါဟ်အွာ) ထံ မှ ငါးပါးသီလ
ခံယူဆောက်တည်ပြီး သံဃာတော်များက ပရိတ်တရားပြန်လည်ချီးမြင့်ခြင်း
၃။ အ္စာဖါဍောဟ်မာန်နဲာကျာ်ဥတ္တမာလင်္ကာရ (ခေါဟ်အွာ)က ရောက်ရှိလာသောပရိတ်သတ်အ ပေါင်းတို့အား တရားရေအေးတိုက်ကြွေးချီးမြင့်ခြင်း
၎။ ဆရာတော်၊ သံဃတော်အပေါင်းတို့အား လှူဘွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း
၅။ ပြုလုပ်ထားသောအလှူဒါနများကို ရေဆက်သွန်းချအမျှပေးဝေပြီး ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု
(၃) ကြိမ်ရွတ်ဆို၍ အခမ်းအနားကိုရုပ်သိမ်းလိုက်ပါသည်။

အလားတူ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်တိုင်ကိုယ်ကျမတက်ရောက်နိုင်သောအလှူရှင်များနှင့် ပြည်ပ
မှာရှိကြတဲ့အလှူရှင်များအားလုံး ထပ်တူထပ်မျှကုသိုလ်များရရှိခံစားနိုင်ကြပါစေလို့...ဇွဲကပင်ပညာဒါနအ
သင်းမှ ဆုမွန်ကောင်းပေးလိုက်ရပါသည်။


ခွဲါကွင်ပညာဥယာဉ်ကျောင်း ပထမကြိမ်မဟာဘုံကထိန်ကျင်းပပူဇော်ပွဲဓာတ်ပုံများ











ကထိန်အလှူပွဲတွင် လှိုင်းဘွဲမြို့နယ်၊ ဒိုင်းပြကျေးရွာမှ အချိုပွဲအလှူရှင်များ












တစ်နှစ်ခရီးတွင် ခွဲါကွင်ပညာဥယာဉ်ကျောင်းတည်ဆောက်ပြီးစီးမှုအခြေအနေ


ခွဲါကွင်ပညာဥယာဉ်ကျောင်း၏ ပရ၀ုဏ်အနေအထား


ကျောင်းအတွက် လုပ်ငန်းတည်ဆောက်မှု

No comments:

Redesigned by Sawlinux.