at .com  at .com
Friday, October 15, 2010
ဇွဲကပင်ပညာဥယာဉ်ကျောင်း မထမကြိမ် မဟာဘုံကထိန်
ကျနော်တို့ ဗုဒ္ဓဘာသာဓလေ့ထုံးတမ်းအရ တစ်နှစ်လျှင် (၁)ကြိမ် ကထိနကံဆောင်ပွဲခေါ် မဟာဘုံကထိန်ကိုကျင်းပ
ပူဇော်လေ့ရှိပါတယ်။ ထိုကထိန်ပွဲကို သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့မှစ၍ တဆောင်မုန်းလပြည့်နေ့အထိ
(၁)လတိုင်တိုင်ကျင်းပလေ့ရှိပါတယ်။
”ခွဲါကွင်ပညာ့ဆ်ုဝုံးကုံလွဲာ” ”ဇွဲကပင်ပညာဒါနအသင်း” အဖွဲ့အစည်းသည် ပြည်ပမှပညာသင်ကြားနေသောကရင်
ရဟန်းတော်များအား ပညာသင်တော်သင်ပြီးဆုံး၍ မိမိနေရာသို့ပြန်ရောက်လာလျှင် တစ်စုတဝေးတည်းပညာဖြန့်
ဝေနိုင်ရန်နှင့် အကြောင်းအားလျှော်စွာ အချင်းချင်းဆွေးနွေးဖလှယ်နိုင်ရန်ရည်ရွယ်၍ ဘားအံမြို့၊ ဇွဲကပင်ကုန်းတွင်၊
ကျောင်းတိုက်တွင် ပထမကြိမ်မဟာဘုံကထိန်ကျင်းပပြုလုပ်မည်ဖြစ်ပါသောကြောင့် အနယ်နယ်အရပ်ရပ်မှာရှိနေ
ကြတဲ့ ဇွဲကပင်ပညာဒါနအသင်းကို ကူညီလှူဒါန်းအားပေးကြတဲ့ အသင်းသူအသင်းသားများအားလုံး အသိပေး
အပ်ပါသည်။
ကျင်းပမည့်ရက် = ၂၄-၁၀-၂၀၁၀
ကျင်းပမည့်နေရာ = ဇွဲကပင်ပညာဥယာဉ်ကျောင်း၊ ဇွဲကပင်ကုန်း၊ ဘာအံမြို့၊ ကရင်ပြည်နယ်
No comments:
Redesigned by Sawlinux.