ရှေးသရောအခါ ထို့မဲပါ အကြီးအမှူးပြုသော ကရင်အမျိုးသားတစုသည် မြောက်ဖက်တလွှားတွင်အေးချမ်းစွာ နေထိုင်ကြလေသည်။ ထို့မဲပါသည် အလွန်ခွန် အားကြီးသူ ဖြစ်၍ တောကျား တောဝက်တို့သည် ထို့မဲပါ၏ နေရာသို့မလာဝံ့ကြချေ။ တနေ့သောအခါ ထို့မဲပါ၏ အားခွန်ဗလ အကြောင်းကို မသိသော တောဝက်ကြီး တကောင်သည် ထို့မဲပါ နေထိုင်ရာ အရပ်ရှိ ယာခင်းများကို ဝင်၍ ထို့မဲပါ၏ တပည့် သားမြေးများ စိုက်ပျိုးထားသော ကောက်ပဲ သီးနှံတို့ကို ဖျက်ဆီးလေသည်။ တပည့်သား မြေးများလည်း ထို့မဲပါထံလာ၍ အို-ဖခင် အလွန် ကြောက်မက်ဖွယ်ကောင်းသော တော ဝက်ကြီး တကောင်သည် အကျွန်ုပ်တို့၏ ယာခင်းများကို ဖျက်ဆီးလေပြီ။ ထိုတောဝက် ကြီးကိုဆုံးမပါလော့ဟု တိုင်ကြလေသည်။
ထို့မဲပါလည်း ကောင်းပြီဟု ဆို၍ တောဝက်ကြီးရှိရာသို့ သွားလေ၏။ တောဝက် ကြီးသည် ထို့မဲပါကို မြင်သောအခါ ဒေါသအမျက်ချောင်းချောင်းထွက်၍ မာန်စွယ်ကြီးကို ထုတ်ကာ ထို့မဲပါအား ပက်လေသည်။ သို့ရာတွင် တောဝက်ကြီးက မပက်နိုင်ခင်ပင် ထို့မဲပါ သည် တောဝက်ကြီးကို လက်နက်လေးမြှား မသုံးဘဲ မိမိ၏ လက်ရုံးဖြင့်ထိုးသတ်လိုက်ရာ တောဝက်ကြီးသေလေသည်။
ထို့မဲပါလည်း ကောင်းပြီဟု ဆို၍ တောဝက်ကြီးရှိရာသို့ သွားလေ၏။ တောဝက် ကြီးသည် ထို့မဲပါကို မြင်သောအခါ ဒေါသအမျက်ချောင်းချောင်းထွက်၍ မာန်စွယ်ကြီးကို ထုတ်ကာ ထို့မဲပါအား ပက်လေသည်။ သို့ရာတွင် တောဝက်ကြီးက မပက်နိုင်ခင်ပင် ထို့မဲပါ သည် တောဝက်ကြီးကို လက်နက်လေးမြှား မသုံးဘဲ မိမိ၏ လက်ရုံးဖြင့်ထိုးသတ်လိုက်ရာ တောဝက်ကြီးသေလေသည်။
တောဝက်ကြီး သေသောအခါ ထို့မဲပါသည် ဝက်မာန်စွယ်ကိုသာ ယူလေသည်။ ထို့နောက် ဝက်မာန်စွယ်ကို ခေါင်းဖြီးသော ဖီးငယ် ပြုလုပ်၍ ဆောင်ထားလေသည်။ ဝက်မာန်စွယ်၏ တန်ခိုးကြေင့် ထို့မဲပါသည် ချက်ခြင်းပင် နုပျိုလာလေသည်။ ခွန်အားဗလလည်း ပို၍ကြီးလာလေသည်။ နှစ်ပေါင်းများစွာ ကြာသောအခါ ထို့မဲပါ၏ နေရာတွင် လူဦးရေ တိုးတက်လာလေ သည်။ အချို့သော တပည့် သားမြေးများသည် ထိုနေရာ၌ မနေလိုကြတောချေ။ ထို့ကြောင့် ထိုလူတစုသည် ထို့မဲပါတံသို့သွား၍ အို-ဖခင် `ဤနေရာကား နေ၍ မဆံတော့ပါပြီ၊ ကျွန် တော်တို့ တစုသည် တောင်ဘက်တလွှားသို့ ပြောင်၍ နေလိုကြပါသည်။ တောင်ဘက် တလွှားတွင် မြစ် ချောင်း အင်း အိုင် များပေါသည်ဟု ကြားရပါသည်။ တောင်ဘက်တလွှား သို့ ကျွန်တော်တို့သွားပါရစေဟု အခွင့်တောင်းကြလေသည်။
ထိုအခါ ထို့မဲပါက ကောင်းပြီ။ တောင်ဘက်တလွှားသို့ ငါ၏တပည့် သားမြေးတစု ပြောင်းလိုပါက ငါကိုယ်တိုင် ခေါင်းဆောင်၍ ခေါ်ပါအံ့ဟု ဆိုလေသည်။ ထို့နောက်ထို့မဲပါ သည် တပည့် သားမြေးတစုကို ခေါင်းဆောင်၍ တောင်ဘက်တလွှားသို့ ဆင်းလာလေ သည်။ လပေါင်း နှစ်ပေါင်း များစွာ ကြာသောအခါ သဲရေ တသွင်သွင် စီးလျက်ရှိသော သဲချောင်းကြီး တခုသို့ ရောက်ကြလေသည်။ တပည့် သားမြေးများသည သဲချောင်းကြီး၏ ကမ်းပါး၌ ခရုများ ဖမ်း၍ အိုး၌ ထည့်ကာ ပြုတ်ကြလေသည်။ ကျက်သောအခါ ခရုခွံထဲမှ အသားကိုယူကြလေသည်။ တပည့် သားမြေးများသည် အသားကိုကောင်းစွာ မယူတတ်ကြသဖြင့် အလွန် နှောင့်နှေး ကြန့်ကြာလေသည်။
ထို့မဲပါသည် နှောင့်နှေးကြန့်ကြာသည်ကို မကြိုက်ချေ။ ထို့ကြောင့် ထို့မဲပါက ငါရှေ့က သွားနှင့်မည်။ သွားသောအခါ ငှက်ပျောပင်များကို ခုတ်၍ လမ်းရှင်းသွားမည်။ အသင်တို့ စားသောက်ပြီးကြသောအခါ ငှက်ပျောငုတ်များကို ကြည့်၍ အမှီလိုက်ခဲ့ကြ လော့ဟု တပည့်သားမြေးများကို ပြော၍သွားနှင့်လေသည်။
တပည့် သားမြေးများသည် သဲချောင်းကြီး၏ ကမ်းပါးတွင် ခရုများကို အားရအောင် ဖမ်းကြလေသည်။ ထို့နောက် အားရအောင်ပြုတ်စား၍ နေထိုင်ကြလေသည်။ ထိုသို့နေ ထိုင်ပြီးကြသောအခါ မှာမှ ထို့မဲပါနောက်သို့ လိုက်ကြလေသည်။ သို့ရာတွင် ထို့မံပါ ခုတ်ခဲ့ သော ငှက်ပျောငုတ်များမှ အညှောက်များထွက်၍ ငှက်ပျောပင်ကြီးများပင် ပြန်ပေါက်ကြ လေပြီ။ ထို့ကြောင့် တပည့် သားမြေးမျာသည် မသွားတတ်၊ မလာတတ်ဖြစ်၍ သဲချောင်း ကြီး၏ ကမ်းပါးအနီးအနား၌ စခန်းချကြရလေသည်။ ထိုသဲချောင်းကြီးသည် သံလွင်မြစ် ဖြစ်သည်ဟု အချို့က ဆိုကြလေသည်။ ထို့မဲပါမှာကား ဝက်မာန်စွယ် ဖီးကို ဦးခေါင်း၌ စိုက်ကာ ရှေ့သို့သွားမြဲတိုင်း သွားလေသည်။
စောခ်ုမိက်
No comments:
Post a Comment