နောက်ပြီးတော့ ဒီနှစ်မှာ ဇွဲကပင်ပညာဒါနအသင်းရဲ့ အမှတ်တရအဖြစ် ဇွဲကပင် အကျီ်နှင့် ပ၀ါတွေကို ထုတ်လုပ်ခဲ့ပါတယ်။ဇွဲကပင်ပညာဒါနအသင်းရဲ့ ရည်ရွယ်ချက်နှင့်အညီ အကျီနှင့်ပ၀ါတွေကို ရန်ပုံငွေအဖြစ် အကျီတစ်ထည်ကို ဘတ်၁၅၀ကျပ်နှင့် ပ၀ါတစ်ထည်ကို ဘတ်၁၀၀ကျပ်နှုန်းဖြင့် အားပေးနိုင်ကြောင်း သိရပါတယ်။ အမှတ်တရအနေနဲ့ ဇွဲကပင်အမှတ်တံဆိပ်နဲ့ ထုတ်လုပ်ခဲ့ပါတယ်။
ဒါကြောင့် ဇွဲကပင်ပညာဒါနအသင်းရဲ့ အဓွန့်ရှည်စွာ တည်တံ့ရေးအတွက် အဘက်ဘက်မှ တာဝန်ရှိတဲ့သူတွေက ကြိုးစားခဲ့ပါတယ်။လာမယ့် ၂၀၀၉-ခုနှစ်မှာ ဇွဲကပင်ရဲ့ အထိမ်းအမှတ်စာစောင် ပုံနှိပ်ထုတ်ဝေဖို့ စီစဉ်ထားပါတယ်။စာမူဖိတ်ခေါ်ထားပြီးဖြစ်ပါတယ်။
ဒါကြောင့် အဝေးရောက် ကရင်တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ အနေနဲ့ စာမူများရေးသားပေးပို့နိုင်ပါကြောင်း ထပ်လောင်း သတင်းကောင်းပါးအပ်ပါတယ်။
1 comment:
Congratulation man. I'm Karen N I'm very happy have to see ur blogger. It's nice . I like it . Bye
Post a Comment