at .com  at .com

Friday, December 26, 2008

ကြီးမားဂုဏ်အင် ဇွဲကပင်

သွင်ပြင်ခံ့ညား၊ ရင်အုပ်ကားနှင့်၊
ဖွံ့ထွားစွမ်းသန်၊ လက်ရုံးမာန်ဝင်၊
ဇွဲကပင်သည်၊ ဖခင်ပုံလှ၊ ပီပေစွတည့်။
ချစ်သွေးပိုမို၊ ဖြူနို့ချိုသာ၊
တိုက်ကျွေးရှာသည့်၊ မာတာမိခင်၊
ပုံရိပ်သွင်လျှင်၊ ဇွဲကပင်အလှ၊
ဖေါ်ညွန်းပြထင့်။
မိဘရုပ်သွင်၊ ဇွဲကပင်သည်၊
ဖူးမြင်ကြည်ညို၊ သဒ္ဒါပိုကာ၊
သာသနာရောင်ဝင်း၊ ထိန်ဖြာလင်းစေ၊
ကရင်မြေခွင်၊ အလှဆင်၍၊
နွေမိုးဆောင်းတိုင်၊ ကြံ့ကြံ့ခံသည်၊
ရှင်သန်ဝင့်ထည်၊ ဂုဏ်ယူဖွယ်တည့်..။
မန်းလုံထီ(လှိုင်းဘွဲ)

No comments:

Redesigned by Sawlinux.